Culture
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသော တရုတ်ကဗျာရွတ်ဆိုပြိုင်ပွဲက တရုတ်စာလေ့လာမှုကို စိတ်ဝင်စားမှုမြင့်တက်စေ
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် သတ္တမအကြိမ်မြောက် တရုတ်စာပေနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဧပြီ ၁၂ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ တရုတ်စာသင်ကျောင်းဖြစ်သော Bowen ကျောင်းက ဦးစီးကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ တရုတ်စာသင်ကျောင်း ၈ ကျောင်းမှ ကျောင်းသား/ကျောင်းသူ ၄၅ ဦးခန့်တက်ရောက်ခဲ့ကြသည်။
“ဒီပွဲလေးကို ပြုလုပ်ခြင်းအားဖြင့် ကလေးတွေအနေနဲ့ တရုတ်စာပေတွေ၊ ကဗျာတွေရွတ်ဖတ်ရာမှာ ပိုပြီးစိတ်ဝင်စားလာအောင်လို့ ကျင်းပပေးခြင်းဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ စာတွေဖတ်တာ၊ ရွတ်ဆိုရရုံတင်မကဘဲ အသက်ဝင်အောင် တင်ဆက်ပြသ ဖတ်လို့ရတယ်ဆိုတာကို ပိုပြီးနားလည်လာကြတယ်” ဟု Bowen ကျောင်း၊ ကျောင်းအုပ် ဒေါ်ချိုချိုမြင့်က ဆင်ဟွာကို ပြောသည်။
“ကလေးတွေအတွက် ဒီလိုမျိုးပြိုင်ပွဲလေးတွေ ပြုလုပ်ပေးရတဲ့အတွက် အရမ်းကျေနပ်ပါတယ်။ ပြိုင်ပွဲထဲမှာ မြန်မာကလေးတွေက တရုတ်လိုမျိုးပီပီသသပြောတတ်လာတာ တွေ့ရပါတယ်။ မြန်မာပြည်မှာမွေးတဲ့ တရုတ်ကလေးတွေ ပြောသလိုမျိုးပဲ ပြောတတ်ကြပါတယ်။ နောက်လည်း ဒီလိုမျိုးပြိုင်ပွဲလေးတွေ အများကြီးပြုလုပ်နိုင်အောင် ကြိုးပမ်းသွားမှာပါ” ဟု ဒေါ်ချိုချိုမြင့်က ပြောခဲ့သည်။
ကြယ်တံခွန်တရုတ်စာသင်ကျောင်းတွင် သင်ကြားနေသော အသက် ၁၆ နှစ်အရွယ် မောင်စိုင်းအောင်ကျော်စိုးက “ကဗျာရွတ်ဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ကျောင်းက ကျွန်တော့်ကိုရွေးချယ်ခဲ့တာပါ။ ပြိုင်ရတာနည်းနည်းတော့ ကြောက်ပေမဲ့ ပျော်ပါတယ်။ ဒါက ပထမဆုံးဝင်ပြိုင်တာပါ။ အကောင်းဆုံးတော့ဝင်ပြိုင်ခဲ့ပါတယ်” ဟု ပြောခဲ့သည်။“လာမယ့်နှစ်တွေမှာလည်း ဆက်ပြီးပြိုင်သွားမှာပါ။ နောက်ပြိုင်ပွဲတွေအတွက် အသိပညာတွေ၊ အတွေ့အကြုံတွေလည်းရရှိပါတယ်။ တခြားသူတွေပြိုင်တာကို ကြည့်ပြီးတော့လည်း အကျိုးကျေးဇူးတွေရသလို နောက်နှစ်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတဲ့ အကြံဉာဏ်သစ်တွေလည်း ရစေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
…………………………..
(English Version)
Chinese recitation competition in Myanmar’s Yangon sparks interest in Chinese learning
YANGON, May 13 (Xinhua) — The Seventh Chinese literature and poetry recitation competition took place at the China Cultural Center in Myanmar’s Yangon on Sunday.
About 45 students from eight Chinese schools across the Southeast Asian country participated in the event, organized by Bowen school, a Chinese-teaching school in Yangon.
“Holding events like this helps children get more interested in reading Chinese stories and poems and the contestants can learn how to make their recitations more engaging by watching others’ performance,” Cho Cho Myint, principal of Bowen school, told Xinhua.
“I’m really happy for organizing this event for the children. During the event, I observed that some attendees are native Myanmar people who speak Chinese fluently, much like the Chinese children born in Myanmar,” she said.
Sai Aung Kyaw Soe, 16, a student from the Kyal Ta Khun Chinese school, said “My school picked me to compete in the poetry recitation competition. Though I felt a bit nervous, I was also happy. It was my first time, and I gave it all I have.”
“I’ll keep participating in the coming years. I gained valuable knowledge and experience that will help me in future competitions. Watching others perform gave me new ideas on how to improve myself for next year,” he said.
Photo 1: Students pose for a group photo during the seventh Chinese literature and poetry recitation competition in Yangon, Myanmar, May 12, 2024. (Photo by Myo Kyaw Soe/Xinhua)
Photo 2: A student competes during the seventh Chinese literature and poetry recitation competition in Yangon, Myanmar, May 12, 2024. (Photo by Myo Kyaw Soe/Xinhua)