Economy
မြန်မာအမျိုးသားလေကြောင်း ရန်ကုန်-နန်နင်း-ရန်ကုန် Cargo ခရီးစဉ်စတင်ပျံသန်းပြေးဆွဲ
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)
မြန်မာအမျိုးသားလေကြောင်း (MNA) က ရန်ကုန်-နန်နင်း-ရန်ကုန် ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးလေကြောင်းခရီးစဉ်များ (Cargo Flight) အား မေ ၁၆ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Boeing 737 – 800 Freighter လေယာဉ်ဖြင့် စတင်ပျံသန်းပြေးဆွဲခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရန်ကုန်-နန်နင်း-ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလေကြောင်းခရီးစဉ် Cargo Flight အား တစ်ပတ်လျှင် သုံးကြိမ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။
ယခုလေကြောင်းခရီးစဉ်အသစ်သည် MNA ၏ ဒေသတစ်ခွင် လေကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေးကို မြှင့်တင်ပေးမည်ဖြစ်သလို ထောက်ပံ့သယ်ပို့ကဏ္ဍများ ပိုမိုမြန်ဆန်၊ ထိရောက်မှု မြှင့်တင်ပေးမည်ဖြစ်ကြောင်း MNA ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
……………………………………..
(English Version)
Myanmar National Airlines starts Yangon-Nanning cargo flight
YANGON, May 17 (Xinhua) — Myanmar National Airlines (MNA) started operating a Yangon-Nanning-Yangon cargo flight on Thursday, state-run The Mirror Daily reported on Friday.
The cargo flight, using a Boeing 737-800 Freighter, will run every Tuesday, Thursday and Saturday.
This new route will enhance MNA’s air cargo transport across regional areas, promising faster and more efficient logistics, according to the MNA.