Connect with us

Sino-Myanmar

မြန်မာကျောင်းသား/ကျောင်းသူ ၁၀၀ကျော် တရုတ်ကုမ္ပဏီမှ ပေးအပ်သော ပညာသင်ဆုများ၊ ထူးချွန်ဆုများ ရရှိ

နေပြည်တော် ရှိ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် (YAU) တွင် ကျင်းပသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် Yuntianhua Group ကုမ္ပဏီလီမိတက်တို့၏ ပညာသင်ဆု သဘောတူညီစာချုပ် လက်မှတ်ရေးထိုးပွဲနှင့် ပညာသင်ဆုချီးမြှင့်ခြင်း အခမ်းအနား မြင်ကွင်းများအား ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၉ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၂ ဦးအား တရုတ်ကုမ္ပဏီမှ ချီးမြှင့်သော ပညာသင်ဆုနှင့် ထူးချွန်ဆုများ ပေးအပ်ခြင်းအခမ်းအနားကို ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော် ရှိ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် (YAU) တွင် ကျင်းပသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် Yuntianhua Group ကုမ္ပဏီလီမိတက်တို့၏ ပညာသင်ဆု သဘောတူညီစာချုပ် လက်မှတ်ရေးထိုးပွဲနှင့် ပညာသင်ဆုချီးမြှင့်ခြင်း အခမ်းအနား မြင်ကွင်းများအား ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၉ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ဆုများလက်ခံရရှိခဲ့သည့် ဘွဲ့လွန်ကျောင်းသား ၃၀ ဦးနှင့် ဘွဲ့ကြိုကျောင်းသား ၁၀၂ ဦးတို့သည် နေပြည်တော်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (YAU) တွင် ပညာသင်ဆုများ လက်ခံရယူခဲ့ကြကြောင်းသိရသည်။

YAU တက္ကသိုလ်မှ စိုက်ပျိုးရေးကျောင်းသား/ကျောင်းသူများအတွက် ပညာသင်ဆုနှင့် ထူးချွန်ဆုများပေးအပ်ခြင်းဆိုင်ရာ ပညာသင်ဆု သဘောတူညီစာချုပ်ကို YAU နှင့် Yuntianhua Group Co., Ltd. တို့က ဩဂုတ် ၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

နေပြည်တော် ရှိ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် (YAU) တွင် ကျင်းပသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် Yuntianhua Group ကုမ္ပဏီလီမိတက်တို့၏ ပညာသင်ဆု သဘောတူညီစာချုပ် လက်မှတ်ရေးထိုးပွဲနှင့် ပညာသင်ဆုချီးမြှင့်ခြင်း အခမ်းအနား မြင်ကွင်းများအား ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၉ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ရှိ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် (YAU) တွင် ကျင်းပသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် Yuntianhua Group ကုမ္ပဏီလီမိတက်တို့၏ ပညာသင်ဆု သဘောတူညီစာချုပ် လက်မှတ်ရေးထိုးပွဲနှင့် ပညာသင်ဆုချီးမြှင့်ခြင်း အခမ်းအနား မြင်ကွင်းများအား ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၉ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ရှိ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် (YAU) တွင် ကျင်းပသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် Yuntianhua Group ကုမ္ပဏီလီမိတက်တို့၏ ပညာသင်ဆု သဘောတူညီစာချုပ် လက်မှတ်ရေးထိုးပွဲနှင့် ပညာသင်ဆုချီးမြှင့်ခြင်း အခမ်းအနား မြင်ကွင်းများအား ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၉ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက ပညာသင်ဆုများ ပေးအပ်ခြင်းသည် YAU ကျောင်းသားများ၏ ပညာသင်ကြားရေး အတွေ့အကြုံကို အမှန်တကယ် အထောက်အကူ ဖြစ်စေကြောင်း ပြောကြားခဲ့သည်။အဆိုပါပညာသင်ဆုအစီအစဉ် က သင်တန်းအားလုံးရှိ ကျောင်းသား၊ ကျောင်းသူများကို ငွေကြေး အထောက်အပံ့ဖြစ်စေပြီး
အတွေ့အကြုံဖလှယ်ရေးအစီအစဉ်များတွင် ပါဝင်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစား အားထုတ်မှုကိုလည်း မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ယခုပညာသင်ဆုသည် ကျောင်းသား၊ ကျောင်းသူများကို ခွန်အားပေးရုံသာမက ပညာရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ပုဂ္ဂလိက လုပ်ငန်းတို့ကြား ချိတ်ဆက်မှုကိုလည်း အားကောင်းစေကာ ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Yunnan Yuntianhua Company ၏ လက်ထောက်အထွေထွေမန်နေဂျာ He Tao က “ဒီနေ့ကျွန်တော်တို့နဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အကြားချုပ်ဆိုတဲ့ ပညာသင်ဆုပေးအပ်ရေး သဘောတူစာချုပ်က နယ်စည်းမခြား နည်းပညာ ဖလှယ်မှုကို ဆက် အသက်သွင်းတာဖြစ်လို့ Yuntianhua အုပ်စုအနေနဲ့ ထုတ်လုပ်မှုကဏ္ဍ တစ်စုံလုံးရှိတဲ့ အားသာချက်နဲ့ နယ်စပ်ဖြတ်ကျော် လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေး ဝန်ဆောင်မှုပေးရေး၊ စမ်းသပ်စံပြစိုက်ခင်းထူထောင်ရေး၊ ပညာသင်ဆု စတဲ့လုပ်ငန်းများကို လုပ်ကိုင်ရင်း မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍတိုးတက်ဖို့ ခေတ်မီ နည်းပညာများဝေငှ ပေးခြင်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နဲ့ Yuntianhua ပညာသင်ဆုပေးအပ်ရေး သဘောတူစာချုပ် ချုပ်ဆိုခြင်းအားဖြင့် ဒီလှေကားကို အားပြုကာ မြန်မာနိုင်ငံနဲ့ လယ်ယာ နည်းပညာပိုင်း၊ ငွေကြေးပိုင်းနဲ့ လူသားအရင်းအမြစ်ပိုင်းမှာ ပိုမို ပူးပေါင်း ဆောင်ရွက်ရင်း မြန်မာနိုင်ငံ စိုက်ပျိုးရေး ကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်ရေး အတွက် တခန်းတစ်ကဏ္ဍကနေ လုပ်ကိုင်သွားမှာ ဖြစ်သလို မြန်မာနိုင်ငံ အတွက်စိုက်ပျိုးရေး လူသားအရင်းအမြစ်များ မွေးထုတ်ရင်း မြန်မာနိုင်ငံ လယ်သမားများအတွက် ဝင်ငွေတိုးအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဆက်ဆံရေးအရာရှိ Zhang Zhonghua က ဆုပေးပွဲများသည် ကျောင်းသား၊ ကျောင်းသူများ၏အရည်အချင်းများကို အသိအမှတ်ပြုခြင်း နှင့် ၎င်းတို့အား အားပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံ၏ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုသည် လက်တွေ့ကျ၍ အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်ဖွင့်လှစ်ခြင်းအတွက် အကောင်းမြင်ကြောင်းလည်း ပြောကြားခဲ့သည်။

YAU ပါမောက္ခချုပ် ဒေါက်တာ နန်းဆိုင်ဟွမ်က ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆုနှင့် ထူးချွန်ဆုများ ပေးအပ်ခြင်းအတွက် တရုတ်ကုမ္ပဏီအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

“Yuntianhua မှပေးအပ်သောပညာသင်ဆုများက ဘွဲ့ကြိုနဲ့ ဘွဲ့လွန်ကျောင်းသားများရဲ့ သုတေသနလုပ်ဆောင်မှုများကိုအလွန်တိုးတက်စေပါတယ်” ဟု ဒေါက်တာနန်းဆိုင်ဟွမ်ကပြောသည်။

အခမ်းအနားအတွင်း လက်မှတ်ရေးထိုးထားသော သဘောတူညီချက်တွင် ၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်များအတွင်း YAU ကျောင်းသားများအား ပညာသင်ဆုနှင့် ထူးချွန်ဆုများပေးအပ်ရန် Yuntianhua ကုမ္ပဏီ၏ ကတိကဝတ်လည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.