Connect with us

Sino-Myanmar

မြန်မာနိုင်ငံသို့ ငလျင်ဘေးကယ်ဆယ်မှု ဆေးကုသရေး အထောက်အပံ့ပစ္စည်းများ တရုတ်နိုင်ငံ Sinopharm TaiJi Group လှူဒါန်း

လှူဒါန်းပေးအပ်ပွဲ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Sinopharm TaiJi Group သည် Taiji Huoxiang Zhengqi Koufu Ye ဆေးရည်အပါအဝင် ဆေးကုသရေး အထောက်အပံ့ပစ္စည်းတစ်သုတ်ကို ဧပြီလ ၃ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့ အခြေစိုက် မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှတစ်ဆင့် မြန်မာနိုင်ငံ အစိုးရသို့ လှူဒါန်းကာ မြန်မာနိုင်ငံ ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရာသီဥတု အလွန်ပူပြင်းရာ Taiji Huo Xiang Zheng Qi Kou Fu Ye ဆေးရည်သည် အပူလျှပ်ဒဏ်ကာကွယ်ခြင်း၊ အော့အန်မှုကို သက်သာစေခြင်းနှင့် ဖျားနာမှုကို ကုသနိုင်ရာ လက်ရှိပတ်ဝန်းကျင်အခြေအနေတွင် ငလျင်ဒဏ်သင့် ပြည်သူများ၏ ဆေးကုသမှုလိုအပ်ချက် တစ်စိတ်တစ်ပိုင်းကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)