Connect with us

Politics

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ဂျာကာတာ၌ တွေ့ဆုံ ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဂျာကာတာ ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ဧပြီလ (၂၂) နေ့တွင် အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပသော အာရှ – အာဖရိက ထိပ်သီး ညီလာခံ အထိမ်းအမှတ်ပွဲသို့ သွားရောက်စဉ် ဂျာကာတာ၌ တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်မှ မြန်မာနိုင်ငံ သမ္မတသည် ယမန်နှစ်က တရုတ် နိုင်ငံသို့ နှစ်ကြိမ် လာရောက် လည်ပတ် ခဲ့စဉ် အတွင်း နှစ်နိုင်ငံ ဘက်စုံ မဟာ ဗျူဟာမြောက် မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် နိုင်ရေး အတွက် သဘော တူညီမှုများ ရရှိထားပြီ ဖြစ်ကြောင်း၊ နှစ်ဘက် နိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှု အသစ် များကိုလည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အတွေ့အကြုံ ဖလှယ်မှုများ တိုးမြင့် ဆောင်ရွက် သွားရန် လိုကြောင်း၊ မြန်မာ နိုင်ငံမှ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းနှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စြင်္က ံအပေါ် ထောက်ခံ အားပေးမှုအား ဝမ်းမြောက်ကြောင်း၊ ထိုစီမံကိန်း များမှ တဆင့် တရုတ်-မြန်မာ လမ်းမကြီးနှင့် ဧရာဝတီ မြစ်ကြောင်း ပို့ဆောင်ရေး လုပ်ငန်း များမှ အပြန်အလှန် ဆက်သွယ်မှု စီမံကိန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ စိုက်ပျိုးရေး ၊ လျှပ်စစ် နှင့် စီးပွားရေး စသော အရေးကြီး ကဏ္ဍ များတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံမှ မြန်မာ နိုင်ငံ စီးပွားရေး ဖွံဖြိုး တိုးတက်မှု အတွက် တက်နိုင်သလောက် အကူအညီများ ပေးသွား မည်ဖြစ်ကြောင်း ၊ နှစ်ဘက် နိုင်ငံမှ တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ၆၅ နှစ် ပြည့်ချိန် တွင် ယဉ်ကျေးမှု၊ ပညာရေး၊ လူငယ် နှင့် မီဒီယာ စသော အခန်း ကဏ္ဍများတွင် ဖလှယ်မှု များ ပြုလုပ် ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး တိုးမြှင့် တည်ဆောက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သမ္မတ ဦးသိန်းစိန်မှ မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးသည် အစဉ်အဆက် ပေါက်ဖော် ဆက်ဆံရေး ရှိခဲ့ကြောင်း၊ တရုတ် နိုင်ငံမှ မြန်မာ နိုင်ငံ အပေါ် ဘက်စုံ ရေရှည် ထောက်ခံ အားပေးမှုနှင့် ကူညီမှု အပေါ် ကျေးဇူးတင်ကြောင်း၊ အခြေအနေသစ်တွင် နှစ်နိုင်ငံ အဆင့်ဆင့်မှ ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် သွားမည် ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံမှ အကောင်အထည် ဖော်သော ပိုးလမ်းမကြီးနှင့် အာရှအခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) တို့ကို ထောက်ခံပြီး ပါဝင်သွား မည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံ အနေဖြင့် ပိုးလမ်းမကြီး ရန်ပုံငွေမှ မြန်မာ နိုင်ငံ အခြေခံ အဆောက်အဦး တည်ဆောက်မှုတွင် ပါဝင်ရန် မျှော်လင့်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ အနီးကပ် ဆက်ဆံရေးကို ထောက်ခံပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ မြောက်ပိုင်း အခြေအနေနှင့် ပတ်သက်၍ ပြောကြားရာတွင် သမ္မတ ရှီကျင့်ဖိန်မှ နိုင်ငံရေး အရ ဖြေရှင်းသွားရန် ထောက်ခံကြောင်း၊ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး တိုးတက်မှု အခြေအနေသစ် အမြန်ဆုံး ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ မြန်မာ နိုင်ငံ မြောက်ပိုင်း အခြေအနေနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်မှ မြန်မာ အစိုးရ အနေဖြင့် မြောက်ပိုင်းဒေသ တည်ငြိမ်မှု ရရှိရေးနှင့် လုံခြုံရေးတို့ အတွက် ဆောင်ရွက် နေကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်နေစဉ် တစ်ချိန်တည်းတွင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများလည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.