Politics
ဒေါ်အောင်ဆန်းစုကြည် ၏ တရုတ် နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် သည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးတက် ဖွံ့ဖြိုးစေကြောင်း ဦးဝင်းထိန် ပြောကြား
ရန်ကုန် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)
တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ၏ ဖိတ်ကြား ချက်အရ မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် သြဂုတ်လ ၁၇ ရက် မှ ၂၁ အထိ တရုတ် နိုင်ငံ သို့ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီး သွားရောက်မည် ဖြစ်သည်။
၎င်းခရီးစဉ် နှင့် ပတ်သက်၍ မြန်မာ နိုင်ငံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင်(CEC) ဦးဝင်းထိန် က ဆင်ဟွာ သတင်းဌာန၏ သီးသန့် တွေ့ဆုံ မေးမြန်းမှု အား ဖြေကြား ရာတွင် ယခု အကြိမ် ချစ်ကြည်ရေး ခရီးစဉ် သည် နှစ်နိုင်ငံ နှင့် နှစ်ပါတီ အကြား ဆက်ဆံရေး ပိုမို တိုးတက် ဖွံ့ဖြိုး စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ဦးဝင်းထိန် က ဒေါ်အောင်ဆန်းစုကြည် ယခင် အကြိမ်က အစိုးရ အဖွဲ့ခေါင်းဆောင် တစ်ဦး အနေဖြင့် မဟုတ်ဘဲ NLD ပါတီ ဥက္ကဋ္ဌ အနေဖြင့် တရုတ် နိုင်ငံ သို့ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့စဉ်တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ လက်ခံတွေ့ဆုံ ခဲ့သဖြင့် ကျွန်တော်တို့၏ ခေါင်းဆောင် နှင့် ကျွန်တော်တို့ ပါတီ အပေါ် အလေးထားခြင်း ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အနေဖြင့် တူညီသော ရည်ရွယ်ချက်များ ရှိကြပြီး ကျွန်တော်တို့ အနေဖြင့်လည်း အိမ်နီးချင်း နိုင်ငံ အပေါ် ခင်ခင်မင်မင် ဆက်ဆံရမည့် မူဝါဒ ရှိကြောင်း ၊ ယခင် အကြိမ် ချစ်ကြည်ရေး ခရီးစဉ် သည် တရုတ်-မြန်မာ နှစ်နိုင်ငံ နှင့် နှစ်ပါတီ အကြား ချစ်ကြည် ဆက်ဆံရေး တိုးတက် စေခဲ့ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက်တွင် ဦးဝင်းထိန် က ဒေါ်အောင်ဆန်းစုကြည်၏ တရုတ် နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် မသွားရောက်မီ တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ အနေဖြင့် ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ကာ သဘောထား အမြင်များ ဖလှယ်ခြင်းသည် မြန်မာ နိုင်ငံ အပေါ် လေးစားမှု ထားရှိခြင်း ဖြစ်ပြီး နှစ်နိုင်ငံ နှင့် နှစ်ပါတီ အကြား ဆက်ဆံရေး အတွက် လွန်စွာ အထောက်အကူ ဖြစ်စေကြောင်း ၊ ကျွန်တော့ အနေဖြင့် နှစ်နိုင်ငံ နှင့် နှစ်ပါတီ ဆက်ဆံရေး ပိုမို ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း သို့ရောက်ရှိ စေမည် ကို ယုံကြည် ကြောင်း ပြောကြား ခဲ့သည်။
မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ၎င်းတာဝန် စတင် ထမ်းဆောင် ပြီး နောက်ပိုင်းတွင် အာဆီယံ ပြင်ပ နိုင်ငံ တစ်နိုင်ငံ သို့ ပထမ ဆုံး ပြည်ပ ခရီးစဉ် အဖြစ် တရုတ် နိုင်ငံ သို့ သွားရောက် ခြင်း ဖြစ်သည်။(Xinhua)