Politics
ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း တရုတ် နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်းအား လက်ခံတွေ့ဆုံ
နေပြည်တော် ၊ မေ ၁၂ ရက် (ဆင်ဟွာ)
ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းသည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော တရုတ်နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်းအား မေလ ၁၂ ရက်နေ့တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် တရုတ်-မြန်မာ နှစ်နိုင်ငံကြား ချစ်ကြည်ရေးကိစ္စနှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့သည်။
ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် တရုတ်နိုင်ငံတော် ကောင်စီဝင် မစ္စတာယန်ကျင်း လက်ဆွဲ နှုတ်ဆက်နေပုံ (ဆင်ဟွာ)
တရုတ်နိုင်ငံတော် ကောင်စီဝင် မစ္စတာယန်ကျင်း နေပြည်တော်ရှိ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာရေး သင်ထောက်ကူ ပစ္စည်းများ သွားရောက် လှူဒါန်းပြီး ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံတော် ကောင်စီဝင် မစ္စတာယန်ကျင်း နေပြည်တော်ရှိ တရုတ်ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကုမ္ပဏီ (SEAOP & SEAGP) သို့ သွားရောက်လေ့လာနေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်းသည် မေလ ၁၂ ရက်နေ့တွင် နေပြည်တော်ရှိ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းကို သွားရောက်ပြီး ပညာရေး သင်ထောက်ကူ ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ပြီး တရုတ်ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကုမ္ပဏီ (SEAOP & SEAGP) ကိုလည်း သွားရောက် လေ့လာ ခဲ့ကြောင်း သိရသည်။
တရုတ် နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်းသည် မေလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မေလ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ဟု သိရသည်။ ၎င်းသည် မေလ ၁၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း တို့နှင့်လည်း တွေ့ဆုံ ခဲ့ပါသည်။ (Xinhua)