Connect with us

Politics

တရုတ် နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်း နှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ တွေ့ဆုံ ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တရုတ် နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့သည် ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် တရုတ်-မြန်မာ နှစ်နိုင်ငံကြား ချစ်ကြည်ရေးကိစ္စနှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျင်းသည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း နှင့် ပြည်ထောင်စု လွှတ်တော် နာယက နှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့နှင့် နေပြည်တော်တွင် ပြီးခဲ့သည် ရက်ပိုင်းက တွေ့ဆုံခဲ့သည်။

တရုတ် နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျင်းသည် ယနေ့ မနက်ပိုင်းတွင် ပုဂံမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။
မစ္စတာ ယန်ကျင်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း နေပြည်တော်ရှိ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း နှင့် ပုဂံ ညောင်ဦးမြို့နယ်ရှိ အစိုးရ အထက်တန်းကျောင်းသ့ို သွားရောက်ပြီး ပညာရေး သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျင်းသည် မေလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မေလ ၁၄ ရက် နေ့တွင် တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွာ မည်ဟု သိရသည်။ (Xinhua)