Connect with us

Politics

၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များညီလာခံအား မြန်မာနိုင်ငံ တွင် ပထမဆုံးအကြိမ် အဖြစ် ကျင်းပ

၁၄ ကြိမ်မြောက် ကမ္ဘာ့ တရုတ် ကုန်သည်များညီလာခံအား ရန်ကုန်မြို့ ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ကမ္ဘာ အရပ်ရပ်မှ တရုတ် ကုန်သည် လုပ်ငန်းရှင်များ တက်ရောက်ကြသည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံအား မြန်မာနိုင်ငံ၌ ပထမဦးဆုံးအကြိမ် အဖြစ် စက်တင်ဘာ ၁၆ ရက်တွင် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ဖွင့်ပွဲအခမ်းအနားအားစတင် ကျင်းပခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာ နိုင်ငံ ဒုတိယသမ္မတ ဦးမြင့်ဆွေ က အဖွင့်အမှာစကား ပြောကြားရာတွင် ညီလာခံကို မြန်မာနိုင်ငံ က အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့် ရရှိခြင်းသည် မြန်မာနိုင်ငံ နှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အကြား ပိုမိုချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးကိုတည်ဆောက် နိုင်ပြီး ကမ္ဘာ အရပ်ရပ် ရှိသည့် တရုတ် ကုန်သည်ကြီးများ နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့် ပြုလုပ်ရန် အခွင့်အလမ်းသစ် များစွာကို ဖော်ဆောင်နိုင်မည်ကို ယုံကြည်ကြောင်း ၊ မြန်မာနိုင်ငံ၌ အကောင်အထည် ဖော်လျက် ရှိသည့် အထူးစီးပွားရေးဇုန်များ ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါ အထူးစီးပွားရေးဇုန် ၊ တနသာၤရီတိုင်းဒေသကြီးရှိ ထားဝယ် အထူးစီးပွားရေးဇုန် နှင့် ရခိုင်ပြည်နယ်ရှိကျောက်ဖြူ အထူးစီးပွားရေးဇုန်များတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ၊ ထို့ပြင် မြန်မာ နိုင်ငံ စီးပွားရေး ကဏ္ဍ အသီးသီး တွင်လည်းရင်းနှီးမြှုပ်နှံမှုများကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်နိုင်မည့် အခွင့်အလမ်းများရှိသည့် အတွက် ဝင်ရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဒုတိယသမ္မတ ဦးမြင့်ဆွေ က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ပြည်ပ ဆက်ဆံရေး အသင်း ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရွှီရို့စိန်း (Mr.Xu Yousheng) က သဝဏ်လွှာ အား ဖတ်ကြားပေးနေစဉ်(ဆင်ဟွာ)

တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဝမ်ချင်မင် (Mr.Wang Qinmin) က မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဟောင်ကောင် အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အုပ်ချုပ်ရေးမှူးချုပ် Ms.Lam Cheng Yuet-ngor က မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

ထိုင်း နိုင်ငံ (Zheng Da) Group ဥက္ကဋ္ဌ မစ္စတာ ရှဲကော်မင် (Mr.Xie Guoming) က မိန်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဝမ်ချင်မင် (Mr.Wang Qinmin) တို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ တရုတ် ကုန်သည်ကြီးအသင်း က လှူဒါန်းငွေ သိန်း ၅၀၀ ကျပ် အား ဒုတိယသမ္မတ ဦးမြင့်ဆွေ ထံသို့ ပေးအပ်လှူဒါန်း နေစဉ်(ဆင်ဟွာ)

၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များညီလာခံ ဖွင့်ပွဲ အခမ်းအနားတွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များညီလာခံ ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) ဥက္ကဋ္ဌ မစ္စတာ ယွီကျိန့်စန်း (Mr.Yu Zhenshen) ပေးပို့သည့် သဝဏ်လွှာ ကို တရုတ် နိုင်ငံ ပြည်ပ ဆက်ဆံရေး အသင်း ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရွှီရို့စိန်း (Mr.Xu Yousheng) က ဖတ်ကြားပေးခဲ့ရာတွင် ၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံအား မြန်မာနိုင်ငံ၌ ကျင်းပ နိုင်ခဲ့သည့် အတွက် တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု ကိုယ်စား လှိုက်လဲှစွာ ချီးမွမ်းဂုဏ်ပြုကြောင်း ၊ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ တရုတ် လူမျိုး ကုန်သည်များ သည် သက်ဆိုင်ရာ နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် အားအင် တစ်ခု ဖြစ်စေခဲ့ကြောင်း ၊ တရုတ် လူမျိုး ကုန်သည်များသည်လည်း သက်ဆိုင်ရာ နိုင်ငံ နှင့် တရုတ် နိုင်ငံ အကြား ချစ်ကြည်ရေး တိုးမြှင့်ရန် အတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင် ရန် မျှော်လင့်ကြောင်း ၊ မြန်မာ နိုင်ငံ သည် ခေတ်သစ်ပိုးလမ်းမကြီး တွင် ပါဝင်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး မြန်မာ နိုင်ငံ တရုတ် ကုန်သည်များ အသင်း နှင့် အဖွဲ့ဝင် အသီးသီး တို့၏ ကြိုးပမ်းမှုဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီး ရှိ တရုတ် လူမျိုး ကုန်သည် များနှင့် မြန်မာ နိုင်ငံ အကြား ပိုမိုနက်ရှိုင်း သည့် ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ကို ရရှိစေနိုင်မည်ကို ယုံကြည်ကြောင်း ဖေါ်ပြ ခဲ့သည်။

တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) ဒုတိယ ဥက္ကဋ္ဌ ၊ တရုတ် နိုင်ငံ စက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ မစ္စတာ ဝမ်ချင်မင် (Mr.Wang Qinmin) က မိန့်ခွန်း ပြောကြား ရာတွင် ကမ္ဘာ့တရုတ် ကုန်သည်ကြီးများ ညီလာခံ သည် ၂နှစ် တစ်ကြိမ် ကျင်းပ သည် အတိုင်းအတာ အကြီးမားဆုံး နှင့် သက်ရောက်မှု အရှိဆုံးသော တရုတ် လူမျိုး ကုန်သည် များ၏ အစည်းအဝေး တစ်ခု ဖြစ်ကြောင်း ၊ ယခု ကျင်းပ သည့် ညီလာခံ ၏ အဓိက ဆောင်ပုဒ် မှာ မြန်မာ့ စီးပွားရေး တံခါး ဖွင့်လှစ်ခြင်း နှင့် သမိုင်း မှတ်တိုင်သစ် ဖွင့်လှစ်ခြင်း ဖြစ်သောကြောင့် ခေတ်ကာလ အခြေအနေ နှင့် လိုက်လျောညီထွေမှု ရှိပြီး လေးနက်သည့် အနက်အဓိပ္ပါယ် ရှိကြောင်း ၊ မြန်မာ နိုင်ငံ ၏ အနာဂတ် ဈေးကွက်စီးပွားရေး အလားအလာ သည် လွန်စွာကောင်းမွန်ပြီး အရှေ့တောင် အာရှ ဈေးကွက် နှင့် ချိတ်ဆက်ပေးသည့် အချက်အခြာ ကျသော တည်နေရာတွင် တည်ရှိကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ ၏ စီးပွားရေး သည် တစ်ဟုန်ထိုး တိုးတက်မည့် အခြေအနေ သို့ ရောက်ရှိလာပြီး တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ ၏ အကြီးဆုံးသော ကုန်သွယ်ဘက် နှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် နိုင်ငံ အနေဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့် ဆောင်ရွက် သွားလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဟောင်ကောင် အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အုပ်ချုပ်ရေးမှူးချုပ် Ms.Lam Cheng Yuet-ngor က မိန့်ခွန်းပြောကြားရာတွင် မြန်မာ နိုင်ငံ ၏ အနာဂတ် စီးပွားရေး အလားအလာ သည် လွန်စွာကြီးမားပြီး ကမ္ဘာ့တရုတ် ကုန်သည်ကြီးများ ညီလာခံ ကို လည်း ပထမဆုံးအကြိမ် အဖြစ် ကျင်းပ နိုင်ခဲ့သည့် အတွက် ဂုဏ်ပြုကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ ၌ စီးပွားရေး ပြုပြင်ပြောင်းလဲမှု များ ပြုလုပ်နေပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှု များအတွက်လည်း တံခါးဖွင့်လှစ် ပေးခဲ့ကြောင်း ၊ ဟောင်ကောင် ဒေသ သည်လည်း တံခါးဖွင့် ဝါဒ ကျင့်သုံး ခဲ့သောကြောင့် ရင်းနှီးမြှုပ်နှံမှု နှင့် လူ့စွမ်းအား အရင်းအမြစ်များ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ယခု ကဲ့သို့ အခြေအနေမျိုး ရရှိနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ အာဆီယံ နိုင်ငံ များသည် ဟောင်ကောင် ၏ အရေးပါသည့် ကုန်သွယ်မှု မိတ်ဘက် နိုင်ငံ များ ဖြစ်ပြီး အနာဂတ် ဟောင်ကောင် နှင့် မြန်မာ နိုင်ငံ အကြား ကုန်သွယ်မှု နှင့် ဖလှယ်မှု သည် ပိုမိုနီးကပ် သည့် ဆက်ဆံရေး ရရှိလာမည် ကို ယုံကြည်ကြောင်း ၊ ဟောင်ကောင် အနေဖြင့် မြန်မာ နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရေး ကို လွန်စွာ အလေးထားပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု မှ ရရှိလာမည့် အခွင့်အလမ်းများ ကို အတူတကွ ဆုတ်ကိုင်ရယူ သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထိုင်း နိုင်ငံ (Zheng Da) Group ဥက္ကဋ္ဌ မစ္စတာ ရှဲကော်မင် (Mr.Xie Guoming) က မိန်ခွန်း ပြောရာတွင်လည်း လက်ရှိချိန်တွင် မြန်မာ နိုင်ငံ သည် ကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် အတွက် သမိုင်းဝင် အခွင့်အလမ်း ရရှိလာခဲ့ပြီး ကမ္ဘာ့နေရာအနှံအပြားရှိ တရုတ် လူမျိုး ကုန်သည်ကြီးများ သည်လည်း ရန်ကုန် မြို့တွင် လာရောက် စုဝေးနေပြီး ဖြစ်ကြောင်း ၊ တရုတ် လူမျိုး ကုန်သည် လုပ်ငန်းရှင်များ အနေဖြင့် မြန်မာ နိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါက မိမိ တို့၏ လုပ်ငန်း များသည် မြန်မာ နိုင်ငံ အတွက် အကျိုးဖြစ်ထွန်းစေရန် နှင့် ပြည်သူလူထု ကို အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်ရမည် ဖြစ်ပြီး ဒေသတွင်း နိုင်ငံ ၏ အကျိုးစီးပွား ဖြစ်ထွန်းရေး ကို ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဖွင့်ပွဲ အခမ်းအနား အတွင်း မြန်မာ နိုင်ငံ ဒုတိယသမ္မတ ဦးမြင့်ဆွေ က တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) ဒုတိယ ဥက္ကဋ္ဌ ၊ တရုတ် နိုင်ငံ စက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ မစ္စတာ ဝမ်ချင်မင် (Mr.Wang Qinmin) နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့ပြီး မြန်မာ နိုင်ငံ တရုတ် ကုန်သည်ကြီးအသင်း က ARSA အစွန်းရောက် အကြမ်းဖက်သမားများ ၏ အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် ဘေးဒုက္ခရောက် ခဲ့သည့် တိုင်းရင်းသားပြည်သူလူထု များအတွက် လှူဒါန်းငွေ သိန်း ၅၀၀ ကျပ် ကို ဒုတိယသမ္မတ ဦးမြင့်ဆွေ ထံသို့ ပေးအပ်လှူဒါန်း ခဲ့သည်။

ကမ္ဘာ့တရုတ် ကုန်သည်များညီလာခံတွင် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု ဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လမ်းစဉ်သစ်များထိုးဖောက်ကြံဆဖော်ထုတ်ကာဒေသအသီးသီး နှင့် လိုက်လျောညီထွေ လက်တွေ့ကျမည့် စီးပွားရေးမဟာဗျူဟာများကိုညှိနှိုင်းတိုင်ပင် ချမှတ်သွားမည် ဖြစ်ကြောင်း သိရှိရပြီး ကမ္ဘာ့ တရုတ် ကုန်သည်များညီလာခံ ၏ ရည်ရွယ်ချက် မှာပြောင်းလဲလာသောကမ္ဘာ့စီးပွားရေး နှင့် ကိုက်ညီရန် ဒေသ စီးပွားရေးတိုးတက်ရေးကို တွန်းအားပေးစေလိုခြင်း ဖြစ်ပြီး နိုင်ငံတကာ မှ တရုတ် လူမျိုးကုန်သည်များ အကြားပူးပေါင်းဆောင်ရွက်ရန် အတွက် ပေါင်းကူးတံတား ဖြစ်စေခဲ့ကြောင်းသိရသည်။

ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) ၌ ကျင်းပ ပြုလုပ်ခဲ့သည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များညီလာခံ သို့ ကမ္ဘာ့ အရပ်ရပ်မှ တရုတ်ကုန်သည်လုပ်ငန်းရှင် ၃၀၀၀ဦးခန့် တက်ရောက် ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.