Connect with us

Politics

တရုတ် နိုင်ငံ အစိုးရ က ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် များ အတွက် မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ထံ ကျပ်ငွေ သန်း ၁၀၀ လှူဒါန်း

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ထံသို့ လှူဒါန်းငွေ များ ပေးအပ် ခဲ့စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် များ အတွက် ကျပ်ငွေ သန်း ၁၀၀ လှူဒါန်း သည် အခမ်းအနား ကို စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ရုံးချုပ် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ် နိုင်ငံ အစိုးရ ကိုယ်စား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က ကြက်ခြေနီ အသင်း ထံ သို့ ပေးအပ် လှူဒါန်း ခဲ့သည်။

အလှူငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ဒုတိယ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်နန်းထွမ်းလှ ၊ မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လှ ၊ မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း အချိန်ပြည့်အမှုဆောင် ဒေါက်တာ ဒေါ်အမယာမော်နိုင် နှင့် တာဝန်ရှိ ပုဂ္ဂိုလ် များ တက်ရောက် ခဲ့ကြသည်။

တရုတ် နိုင်ငံ အစိုးရ က ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် များ အတွက် မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ထံ လှူဒါန်း ငွေ သန်း ၁၀၀ ကျပ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ က ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် များ အတွက် မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ထံ လှူဒါန်း ငွေ သန်း ၁၀၀ ကျပ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

အခမ်းအနား တွင် သံအမတ်ကြီး ဟုန်လျန် က တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ခင်မင်ရင်းနှီးကြသည့် အိမ်နီးချင်း မိတ်ဆွေ နိုင်ငံ များ ဖြစ်ကြပြီး မြန်မာ နိုင်ငံ တွင် အခက်အခဲ ကြုံတွေချိန်တိုင်း တရုတ် နိုင်ငံ က ပထမ ဦးဆုံး ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ခြင်းမှာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ကို သက်သေပြ နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယခု အကြိမ်တွင် ရခိုင်ပြည်နယ် ၌ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သောကြောင့် ဒေသခံများ နေရပ်စွန့်ခွာ သွားရခြင်း အပေါ် တရုတ် နိုင်ငံ အစိုးရ မှ လွန်စွာ ဂရုပြုမည်ဖြစ်ကြောင်း ၊ ပြီးခဲ့သည့် ရက်ပိုင်းတွင် လည်း တရုတ် နိုင်ငံ အစိုးရ ကိုယ်စား မြန်မာ နိုင်ငံ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ထံသို့ ရခိုင်ပြည်နယ် ဒေသခံ များအတွက် လှူဒါန်းငွေ များ ပေးအပ် ခဲ့ကြောင်း ၊ ယခု အကြိမ် လှူဒါန်းမှု ဆောင်ရွက်ခြင်း သည် တရုတ် နိုင်ငံ ပြည်သူလူထု တို့မှ မြန်မာ နိုင်ငံ ပြည်သူလူထု များအပေါ် ထားရှိသည့် သံယောဇဉ် ကို ဖော်ပြလိုသောကြောင့် ဖြစ်ပြီး တရုတ် နိုင်ငံ အစိုးရ အနေဖြင့် မြန်မာ နိုင်ငံ ၏ လိုအပ်ချက်အပေါ် မူတည်၍ ရှေ့ဆက်ကူညီထောက်ပံ့မှု များကို ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လှ က မြန်မာ နိုင်ငံ တွင် မည်သို့သော အခက်အခဲ များ ဖြစ်ပွား သည် ဖြစ်စေ အထူးသဖြစ် သဘာဝ ဘေးဒုက္ခများ ကျရောက် သည့် အချိန်တွင် တရုတ် နိုင်ငံ နှင့် တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း တို့သည် ပထမ ဦးစွာ ကူညီထောက်ပံ့မှု များ ပြုလုပ်ပေးခဲ့ကြောင်း ၊ ယခု လက်ခံရရှိသည့် လှူဒါန်းငွေ များဖြင့် ရခိုင်ပြည်နယ် ရှိ နေရပ်စွန့်ခွာ ခဲ့ရသော ဒုက္ခသည် များကို လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ကာလတစ်လျှောက် တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ ၌ အကျပ်အတည်း ဖြစ်ပွားချိန်တိုင်းတွင် မြန်မာ နိုင်ငံ နှင့် အတူတကွ ရပ်တည်ပေးခဲ့ပြီး ကူညီဆောင်ရွက်မှု များ ပြုလုပ်ပေးခဲ့သည့် အတွက် လွန်စွာ ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် သည် မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်းထံသို့ လှူဒါန်းငွေ များ သွားရောက် ပေးအပ်လေ့ရှိ ပြီး ၂၀၁၅ ခုနှစ် တွင် မြန်မာ နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် ရေဘေး အတွက် အမေရိကန် ဒေါ်လာ ၁ သိန်း နှင့် ပုဂံ တွင် ဖြစ်ပွား ခဲ့သည့် ငလျင် အတွက် အမေရိကန် ဒေါ်လာ ၁ သိန်း ပေးအပ် ခဲ့ပြီး ၂၀၁၆ ခုနှစ် တွင်လည်း ရေဘေး အတွက် အမေရိကန် ဒေါ်လာ ၁ သိန်း သွားရောက် ပေးအပ် ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.