Politics
တရုတ် နိုင်ငံ အစိုးရ အထူး သံတမန် နှင့် မြန်မာ နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး
နေပြည်တော် ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ အစိုးရ အထူးသံတမန် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် အနေဖြင့် ဒီဇင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံသို့လာရောက် လည်ပတ်ခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
တရုတ် နိုင်ငံ အထူးသံသမန် အနေဖြင့် တွေ့ဆုံမှုများတွင် လျိုကျန့်မင်မှ မြန်မာနိုင်ငံ အနေဖြင့် ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင် ရရှိခဲ့ကြောင်းလည်း သိရှိရသည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော ပါတီအား ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ၊ တရုတ်နိုင်ငံ အစိုးရ အနေဖြင့် မြန်မာနိုင်ငံ အစိုးရ အဖွဲ့အစည်း ၊ ပါတီ အသီးသီးနှင့် နိုင်ငံရေး ကဏ္ဍမှ လူပုဂ္ဂိုလ်များ ပူးပေါင်း ဆောင်ရွက်ရေး ၊ နိုင်ငံရေး တိုးတတ်မှု ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတတ်မှု ၊ လူနေမှု အဆင့်အတန်း မြင့်မားလာမှု ၊ ဘက်စုံ သာယာ ဝပြောသော လူနေမှု ပတ်ဝန်းကျင် တစ်ခု ဖြစ်ပေါ်လာရန် အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံ အနေဖြင့် အစဉ်အမြဲ ထောက်ခံ အားပေး လုပ်ဆောင်ခဲ့ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ပြည်သူလူထု ရွေးချယ်သည့် မိမိ နိုင်ငံ အခြေအနေနှင့် ကိုက်ညီသောဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို ရွေးချယ်ခြင်းကို အစဉ်အမြဲလေးစား ထောက်ခံ အားပေးသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ နိုင်ငံရေး ပါတီများ အနေဖြင့် အတူတကွ ပူးပေါင်းကာ နိုင်ငံရေး လုပ်ငန်းစဉ်များအား စနစ်တကျ ဆောင်ရွက်သွားကာ လူမှုဘဝတည်ငြိမ်အေးချမ်းရေး ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ၊ အနာဂတ် ပိုမိုကောင်းမွန်စေရေး စသည့်တို့အား လုပ်ကိုင်သွားမည်ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် နိုင်ငံ အစိုးရ အထူးသံတမန် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် တွေ့ဆုံခဲ့စဉ်(ဆင်ဟွာ)
ထိုပြင် လျိုကျန့်မင် မှ လက်ရှိမြန်မာ နိုင်ငံ ၏ ပြောင်းလဲမှုရှိသော အခြေအနေတွင်လည်း တရုတ် နိုင်ငံ အစိုးရ အနေဖြင့် နှစ်နိုင်ငံ အစိုးရ ၊ ပါတီ ၊ လွှတ်တော် ၊ စစ်ရေး စသည့် ကဏ္ဍ ပေါင်းစုံတွင် တိုးချဲ့ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ကုန်သွယ်ရေး နှင့် ယဉ်ကျေးမှု ဖလှယ်ရေး စသည့်ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားပါမည်။ထို့အပြင် ဘက်စုံမဟာဗျူဟာ မိတ်ဆွေ ပူးပေါင်းဆက်ဆံရေး အဆင့်တိုးမြှင့်ရန်ကိုလည်း တွန်းအားပေး ဆောင်ရွက်သွားပါမည် ဖြစ်ကာ နှစ်နိုင်ငံ ပြည်သူလူထု အကျိုးစီးပွား တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
တရုတ် နိုင်ငံ အထူး သံတမန် အနေဖြင့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် မှ မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ရွေးကောက်ပွဲ ရလဒ်အား လက်ခံပြီး ရာထူး လွှဲပြောင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ အပေါ် စီးပွားရေး ၊ လူမှုရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ထောက်ခံကူညီမှု များအား ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။ ထိုနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံသည် ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေး အစဉ်အလာ ရှိသော နိုင်ငံ နှစ်နိုင်ငံ ဖြစ်ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တရုတ် ကွန်မြူနစ် ပါတီတို့၏ ဆက်ဆံရေးသည်လည်း ဆထက်တံပိုး တိုးမြှင့်လာခဲ့ပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အသစ်ဖွဲ့စည်းမည့် အစိုးရ အဖွဲ့သစ် အနေနှင့်လည်း ချစ်ကြည် ဆက်ဆံရေးအား ဆက်လက် ဆောင်ရွက်သွားပါမည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် တရုတ် နိုင်ငံ အစိုးရ အထူးသံတမန် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် တွေ့ဆုံခဲ့စဉ်(ဆင်ဟွာ)
ထို့နောက်တွင် တရုတ်နိုင်ငံ အစိုးရ အထူး သံတမန် နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ တွေ့ဆုံခဲ့ရာတွင် သူရဦးရွှေမန်း မှ နောက်တတ်လာမည့် အစိုးရအဖွဲ့အနေနှင့်လည်း တရုတ်နိုင်ငံနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်ကာ မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတတ်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယုံကြည်ပါသည်။
မြန်မာနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် နိုင်ငံ အစိုးရ အထူးသံတမန် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် တွေ့ဆုံခဲ့စဉ်(ဓာတ်ပုံ-မြဝတီ)
ထို့နောက်တွင် တရုတ်နိုင်ငံ အစိုးရ အထူး သံအမတ်မှ မြန်မာနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ တပ်မတော် အနေဖြင့် မြန်မာ နိုင်ငံနှင့် ပြည်သူလူထု ရေရှည် အကျိုးအတွက် ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် နိုင်ငံရေး ဖြစ်စဉ်များကို တွန်းအားပေးကြောင်း ၊ ဥပဒေအောက်တွင် လူမှုဘဝ တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးကို ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ တပ်မတော် အနေဖြင့် တရုတ် နိုင်ငံ တပ်မတော်နှင့် ဆက်ဆံရေးအား အမြဲတမ်း တန်ဖိုးထားပြီး ပြည်တွင်းပြည်ပ အခြေအနေများ မည်သို့ ပြောင်းလဲစေကာမှု တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးကို ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးမြှင့်သွားစေရန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)