Connect with us

Politics

မြန်မာ-တရုတ် လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေး အဆင့်မြင့်အရာရှိ အစည်းအဝေး ကျင်းပမည်

တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ် နယ်စပ်ဂိတ်အား တွေ့မြင်ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာအရ ကျင်းပမည့် ရှစ်ကြိမ်မြောက် မြန်မာ-တရုတ်လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ဒီဇင်ဘာလ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အစည်းအဝေးကို ပုသိမ်မြို့ ငွေဆောင်ကမ်းခြေတွင် ပြုလုပ်မည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သော ခုနစ်ကြိမ်မြောက် တရုတ်-မြန်မာ-အစည်းအဝေးမှ ဆုံးဖြတ်ထား ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ပြောင်းလဲလာသည့် လူကုန်ကူးမှုပုံစံများ၊လူကုန်ကူးခံရသူများကို စိစစ်မှု နှင့် ပြန်လည်လွှဲပြောင်း ပေးရေးလုပ်ငန်းစဉ်များမှ ကြုံတွေ့နေရသည့်စိန်ခေါ်မှုများကို ဆွေးနွေးခြင်းတို့ ပြုလုပ်ဖြစ်သည်။

ယင်း အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖြစ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်ထွန်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်UN-ACT၊ UNICEF၊ IOM၊ Save the Children၊ World Vision တို့မှ ကိုယ်စားလှယ် ၂၁ ဦး နှင့် တရုတ်ကိုယ်စားလှယ်အဖွဲ့အဖြစ် နိုင်ငံတော်ကောင်စီ၊ အမျိုးသမီး နှင့် ကလေးသူငယ်များအတွက် အမျိုးသားလုပ်ငန်းကော်မတီရုံး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ် ၁၀ ဦး တက်ရောက်မည်ဖြစ်သည်။ (Xinhua)