Connect with us

Politics

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မှ တာဝန် ပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် အား လက်ခံတွေ့ဆုံ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်တို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဓာတ်ပုံ- ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)

ရန်ကုန် ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တာဝန် ပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် အား ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်း မဆောင်၌ လက်ခံ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် တွင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး၊ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမို မြှင့်တင် နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ထိုသို့ လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့် အတူ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးရဲထွဋ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ (Xinhua)