Politics
မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့်တရုတ် နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်း (Mr.Yang Jing) တွေ့ဆုံ ဆွေးနွေး

နေပြည်တော် ၊ မေ ၁၁ ရက် (ဆင်ဟွာ)
မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းသည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် ကြည့်ရှုသော တရုတ် နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်း (Mr.Yang Jing) နှင့် မေလ ၁၁ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဘက်သည် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် စီးပွားရေး အပါအဝင် ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်ရေးကို အဓိကထား ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲ အပြီးတွင် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းမှ တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျင်းနှင့် အဖွဲ့အား ညစာစားပွဲ တည်ခင်း ဧည့်ခံခဲ့သည်။ (Xinhua)