Connect with us

Politics

မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ တရုတ် နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်း (Mr.Yang Jing) အားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ တရုတ် နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်း (Mr.Yang Jing) အား နေပြည်တော်တွင် လက်ခံတွေ့ဆုံ (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၁ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော တရုတ် နိုင်ငံတော် ကောင်စီဝင် မစ္စတာ ယန်ကျင်း (Mr. Yang Jing) အား မေလ ၁၁ ရက်နေ့တွင် နေပြည်တော်၌ လက်ခံ တွေ့ဆုံ ခဲ့သည်။

တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျင်းမှ ယခုနှစ်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး (၆၅) နှစ်ပြည့်သော နှစ်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင်များ ဆက်လက်၍ အနီးကပ် တွေ့ဆုံမှုများ မကြာခဏ ပြုလုပ်ပြီး တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု များအတွက် အရေးကြီး သဘောတူညီမှုများ ရရှိနိုင်ရန် ဆောင်ရွက် ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် အတူတကွ ရပ်တည်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ သဘော တူညီမှု ရရှိရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ ပါတီများ ဆက်ဆံရေး တိုးမြှင့် နိုင်ရေး ၊ စိုက်ပျိုးရေး ၊ စီးပွားရေးနှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍ အသီးသီး တွင် ပိုမို နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း ဆောင်ရွက် ရာတွင်လည်း ကုန်ထုတ်လုပ်မှုနှင့် အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ သွားမည် ဖြစ်ကြောင်း ၊ ခေတ်သစ်တွင် ရရှိ လာသော တရုတ်-မြန်မာ ဆက်ဆံ ရေး အောင်မြင်မှု များအား ပိုမို တိုးချဲ့ သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ သည် ပြည်တွင်း တည်ငြိမ် အေးချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ရရှိရန် ဆောင်ရွက် နေမှုအား ထောက်ခံကြောင်း ၊ တရုတ်-မြန်မာ နယ်စပ် ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးများ ဆောင်ရွက် နိုင်ရန် အတွက် အခြေအနေများ ဖန်တီးပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ မြန်မာနိုင်ငံ အနေဖြင့် မြန်မာ-တရုတ် မိတ်ဆွေ ဆက်ဆံရေးနှင့် ပေါက်ဖော် ဆက်ဆံရေးကို အလွန် တန်ဖိုး ထားကြောင်း ၊ တရုတ် နိုင်ငံ၏ ရေရှည် ကူညီ ထောက်ပံ့မှုအား အထူး ကျေးဇူး တင်ရှိကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် ခေတ်သစ် ပိုးလမ်းမကြီး ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းကြီးတွင် တက်ကြွစွာ ပါဝင် သွားမည် ဖြစ်ပြီး အပြန်အလှန် ချိတ်ဆက်မှု နှင့် သက်ဆိုင်ရာ လုပ်ငန်းများတွင် ပိုမို ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ၏ (၆၅) နှစ်ပြည့် သံတမန် ဆက်ဆံရေးကို အခြေခံ၍ မြန်မာ-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဘက် နိုင်ငံဆက်ဆံရေးကို အဆင့် တိုးမြှင့် သွားမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှု များကို ပိုမို တိုးမြှင့်ပြီး မြန်မာ-တရုတ် နယ်စပ် ဒေသ တည်ငြိမ် အေးချမ်းမှုရရှိရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ် နိုင်ငံ ကောင်စီဝင် ယန်ကျင်းမှ မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း နှင့်လည်း တွေ့ဆုံခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117