Connect with us

Education & Health

မန္တလေးတွင် ဆဌမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်လှစ်


ကျောက်ပန်းတောင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့မ ကွက်သစ် အခြေခံ မူလတန်းလွန်ကျောင်းတွင် ဆဌမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်လှစ်ခြင်းနှင့် အပ်နှံခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ်များကို နိုင်ငံအနှံ့အပြားတွင် ဆောက်လုပ်လှူဒါန်းရခြင်းမှာ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးတွင် ပါဝင် ကူညီနိုင်ရေးအတွက် ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။“အပင်စိုက်ရာမှာ ဆယ်နှစ် လိုအပ်ပြီး လူတော်လူကောင်း မွေးထုတ်ရာမှာ နှစ် တစ်ရာ လိုအပ်တတ်ပါတယ်၊ မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းရေး ခြေလှမ်းတွေ မြန်ဆန်လာတာနဲ့အမျှ လူတော် လူချွန်တွေ ပိုမို လိုအပ် လျက်ရှိပါတယ်၊ မြန်မာနိုင်ငံရဲ့ ပညာရေးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်နဲ့ အရည်အချင်းရှိတဲ့ လူတော် လူချွန်တွေ မွေးထုတ်ပေးနိုင်ရန်အတွက် တရုတ်သံရုံးက မြန်မာနိုင်ငံ အစိုးရနဲ့ပူးပေါင်းကာ ယမန်နှစ်ကစပြီး မြန်မာ နိုင်ငံ နေရာ အနှံ့အပြားမှာ တရုတ် – မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်တွေကို ဆက်တိုက်ဆိုသလို ဆောက်လုပ် ခဲ့ပါတယ်” ဟု သံအမတ်ကြီးက ပြောကြားခဲ့သည်။

ဆဌမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

ထို့အပြင် ၎င်းက “ပညာရည် ထူးချွန်ပြီး ချို့တဲ့သော မြန်မာ ကျောင်းသူ ကျောင်းသားများ ပညာသင်ယူမှု ပြီးမြောက်စေရေးအတွက် တရုတ် – မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု ထောက်ပံ့ငွေကိုလည်း ထူထောင်ထားပါတယ်၊ အရင်နှစ် ၁၁ လပိုင်းတုန်းက ကျောက်ပန်းတောင်း မူလွန်ကျောင်းဟာ ပထမဆုံး အသုတ် အကျိုးရလဒ် ခံစားရတဲ့ ကျောင်းတွေမှာ ပါဝင်ပြီး ကျောင်းသား ကျောင်းသူ တစ်ရာ ဝန်းကျင်အတွက် ထောက်ပံ့ငွေ ကျပ် သိန်း ၆၀ ရရှိခဲ့ပါတယ်၊ လူငယ်ဆိုတာ မြန်မာနိုင်ငံနဲ့ အမျိုးသားတို့ရဲ့ မျှော်လင့်ချက် ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရဲ့ အနာဂတ်လည်း ဖြစ်ပါတယ်၊ နောက်တစ်ဆင့်အနေနဲ့ တရုတ်နိုင်ငံ အစိုးရနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံ ပညာရေး ကဏ္ဍမှာ အထောက်အပံ့ ပေးမှုတွေကို မြှင့်တင်သွားပါမယ်၊ ပညာရေးကဏ္ဍမှာ ပူးပေါင်း ဆောင်ရွက်ခြင်းကတစ်ဆင့် တရုတ် – မြန်မာ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး အဆုံးမရှိ လက်ဆင့်ကမ်း တည်တံ့စေရန် ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဆဌမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ဆဌမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် အဖွင့်အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မြို့မ ကွက်သစ် အခြေခံ မူလတန်းလွန်ကျောင်းရှိ ဆဌမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတွင် ထိုကျောင်း၏ ကျောင်းသားဟောင်းဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဦးတင်ဦးလွင်က ကျေးဇူးတင်စကား ပြောကြားစဉ် (ဆင်ဟွာ)

ဆဌမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

ကျောင်းဆောင်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို တရုတ်နိုင်ငံ သံအမတ်ကြီးက မြို့နယ် ပညာရေးမှူး ဒေါ်ညွန့်ညွန့်မြင့်ထံ လွှဲအပ်နေစဉ် (ဆင်ဟွာ)

ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝိုင်းဌေးက တရုတ်နိုင်ငံ သံအမတ်ကြီးထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ် (ဆင်ဟွာ)

ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ အမှုဆောင် အရာရှိချုပ် ဦးအောင်သန်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝိုင်းဌေးထံ ဗလာစာအုပ်နှင့် စာရေး ကိရိယာများအား ပေးအပ်စဉ် (ဆင်ဟွာ)

မူလတန်းလွန်ကျောင်း၏ ယိုယွင်းနေသည့် စာသင်ဆောင် သုံးဆောင် တို့အား ပြန်လည် ပြုပြင်ခြင်း အတွက် ကျပ် သိန်း ၄၅၀ ကျော်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး (ရန်ကုန်)က လည်းကောင်း၊ ကျောင်းအတွက် စာရေးကိရိယာများနှင့် အားကစား ပစ္စည်းများ၊ တိုက်ရိုက်သုံး ရေသန့်စက်နှင့် ဆက်စပ် ပစ္စည်းများကို တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး (မန္တလေး)က လည်းကောင်း လှူဒါန်းခဲ့ကြပြီး ယနေ့အခမ်းအနား တွင် အလှူရှင်များက ကျောင်းဆောင်သစ်များနှင့် အလှူပစ္စည်းများကို ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူး ဒေါ်ညွန့်ညွန့်မြင့်ထံ သို့လွှဲပြောင်း ပေးအပ်ခဲ့ သည်။ ထို့နောက် ထို မူလွန်ကျောင်း၏ ကျောင်းသား ဟောင်း ဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဦးတင်ဦးလွင်ကလည်း ယနေ့ လှူဒါန်း လွှဲပြောင်းပေးအပ်ပွဲအတွက် ကျေးဇူးတင် စကား ပြောကြားခဲ့သည်။အဆိုပါ အခမ်းအနားသို့ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr. Wang Zongying နှင့်ဇနီး၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း၊ မန္တလေးတိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်နှင့် ပညာရေးဌာနမှ တာဝန်ရှိ သူများ၊ ကျောက်ပန်းတောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ အုပ်ချုပ်ရေးမှူး၊ ရွှေတောင် ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117