Connect with us

Politics

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဟွာချွမ်းရင် (Ms. Hua Chunying) မှ တရုတ် နိုင်ငံသို့ အမြောက်ဆံ ကျရောက်မှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံဘက်သို့ ပြင်းပြင်းထန်ထန် အသိ ပေးခဲ့ကြောင်း ပြောကြား

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် အား တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ မေလ ၁၅ ရက်နေ့တွင် ပြုလုပ်သော ပုံမှန် သတင်းစာရှင်းလင်း ပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)

ပေကျင်း ၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မေလ ၁၅ ရက်နေ့တွင် ပြုလုပ်သော ပုံမှန် သတင်းစာ ရှင်းလင်း ပွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဟွာချွမ်းရင် (Ms. Hua Chunying) မှ တရုတ် နိုင်ငံသို့ မြန်မာ နိုင်ငံဘက်မှ အမြောက်ဆံ ကျရောက်မှုနှင့် ပတ်သက်၍ သတင်းထောက်မှ မေးမြန်းရာတွင် ပြန်လည် ဖြေကြားခဲ့သည်။

ဟွာချွမ်းရင်မှ အမြောက်ဆံ ကျရောက်သော သတင်းကို သိရှိရပြီး ဖြစ်ကြောင်း ၊ အခြေအနေ များအား ဆက်လက်၍ စုံစမ်း နေပြီ ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ မြောက်ပိုင်းရှိ ကိုးကန့် ဒေသတွင် ဖြစ်ပွားသော တိုက်ပွဲသည် (၃) လ ကျော်ကြာ ခဲ့ပြီဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံဘက်မှ အမြောက်ဆံ များသည် တရုတ် ပိုင်နက် အတွင်းသို့ အကြိမ်ကြိမ် ကျရောက်ခဲ့ပြီး တရုတ် နိုင်ငံပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ပြင်းထန်စွာ ထိခိုက်ကြောင်း၊ တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်မှု ရရှိရန် အလွန် အနှောက်အယှက် ဖြစ်နေကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဤကိစ္စနှင့် ပတ်သက်၍ အထူး မကျေနပ်ကြောင်း ၊ ထိရောက်သော ဆောက်ရွက်မှုများ ပြုလုပ်ရန် မြန်မာ နိုင်ငံဘက်သို့ အလေးအနက် တိုက်တွန်းခဲ့ကြောင်း၊ နောက်အကြိမ် အလားတူ ကိစ္စရပ် ထပ်မံ မဖြစ်ပွားရန် ဆောင်ရွက်သင့်ကြောင်း၊ မြန်မာဘက်မှ သက်ဆိုင်ရာ ဌာနများကိုလည်း အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းသွားပြီး မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသ တည်ငြိမ်အေးချမ်းမှု ရရှိစေရန် တိုက်တွန်း ခဲ့ကြောင်း၊ တရုတ် နိုင်ငံ အနေဖြင့် စုံစမ်း စစ်ဆေး ချက်အရ နောက်တစ်ဆင့် တုံ့ပြန် ဆောင်ရွက်မှုများ ပြုလုပ်ရန် လုပ်ပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)