Connect with us

Politics

မြန်မာနိုင်ငံမှ အမြောက်ဆံ ကျရောက်မှုကြောင့် တရုတ်နိုင်ငံသား (၁) ဦးနှင့် နယ်စပ်နေ မြန်မာနိုင်ငံသား (၄) ဦး ဒဏ်ရာရရှိ

မြန်မာနိုင်ငံမှ အမြောက်ဆံ ကျရောက်မှုကြောင့် တရုတ်နိုင်ငံရှိ ကားတစ်စီး ပျက်စီးနေပုံ (ဓာတ်ပုံ-Mian Dian Zai Xian ဝက်ဘ်ဆိုဒ်)

ယူနန် ၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန် ပြည်နယ် လင်ချန်းမြို့ အစိုးရ သတင်းထုတ်ပြန်ရေး ဌာနမှ စုံစမ်းမှု အရ မေလ ၁၄ ရက် ဒေသ စံတော်ချိန် ည ၈ နာရီ ၃၀ မိနစ်ခန့် ( မြန်မာ စံတော်ချိန် ည ၇ နာရီ ခန့် ) တွင် မြန်မာနိုင်ငံမှ အမြောက်ဆံ နှစ်ခုသည် ယူနန် ပြည်နယ် လင်ချန်းမြို့ ကျိမ့်ခန်း ခရိုင် နန်ဆန်မြို့ ဖူခန်း ရပ်ကွက်ရှိ ဖုန်ချန် ဟိုတယ် အနီးတွင် ကျရောက်ခဲ့ပြီး ပေါက်ကွဲ ခဲ့ကြောင်း သိရှိရသည်။

ထိုအမြောက်ဆံ ကျရောက်မှုကြောင့် တရုတ်နိုင်ငံသား (၁) ဦးနှင့် နယ်စပ်နေ မြန်မာနိုင်ငံသား (၄) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ကား (၃) စီးနှင့် နေ အိမ် (၄) လုံး ပျက်စီး ခဲ့ကြောင်း သိရှိရသည်။ ဒဏ်ရာ ရရှိသူများကို ကျိမ့်ခန်း ခရိုင်ရှိ ပြည်သူ့ ဆေးရုံတွင် ကုသမှု ခံယူနေပြီး ဒဏ်ရာ ရရှိသူများ အနေဖြင့် အသက် အန္တရာယ် မစိုးရိမ် ရကြောင်းလည်း သိရှိရသည်။

တရုတ် နိုင်ငံဘက်မှ အစိုးရမှ မြန်မာ နိုင်ငံဘက်သို့ ဤအကြောင်းအရာနှင့် ပတ်သက်၍ အလေးအနက် အသိ ပေးခဲ့ကြောင်း ထိုသတင်း ထုတ်ပြန်ရေး ဌာနမှ ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.