Connect with us

Politics

မြန်မာ နိုင်ငံ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းမှ တရုတ် နိုင်ငံ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေး ပါတီ ဥက္ကဌ ဦးရွှေမန်းနှင့် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဒုတိယ ဝန်ကြီး မစ္စတာ ချိန်ဖုန့်ရှမ် (Mr.Chen FengXiang) တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၈ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သ့ူ လွှတ်တော် ဥက္ကဌနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေး ပါတီ ဥက္ကဌ ဦးရွှေမန်းသည် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဒုတိယ ဝန်ကြီး မစ္စတာ ချိန်ဖုန့်ရှမ် (Mr.Chen FengXiang) ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား မေလ ၁၈ ရက်နေ့က နေပြည်တော်တွင် လက်ခံတွေ့ဆုံ ခဲ့သည်။

တွေ့ဆုံပွဲတွင် တရုတ်- မြန်မာ နှစ်နိုင်ငံ နိုင်ငံအချင်းချင်းနှင့် ပါတီ အချင်းချင်း ဆက်ဆံရေး နောက် တစ်ဆင့် တိုးမြှင့် နိုင်ရေး အတွက် အမြင်များ ဖလှယ် ခဲ့ကြသည်။ ထို့ပြင် နှစ်ဘက်မှ တာဝန်ရှိသူများမှ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ရေမြေ တောတောင်ခြင်း ဆက်စပ် နေကြောင်း ၊ ရှည်ကြာသည့် ပေါက်ဖော် ဆက်ဆံရေး ရှိကြောင်း ၊ နှစ်နိုင်ငံ ချစ်ခင်စွာဖြင့် ပူးပေါင်း ဆက်ဆံရေးအား တိုးတက် ခိုင်မာအောင် ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ပြည်သူ့ အကျိုးနှင့် ကိုက်ညီကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သ့ူ လွှတ်တော် ဥက္ကဌနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေး ပါတီ ဥက္ကဌ ဦးရွှေမန်းနှင့် တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဒုတိယ ဝန်ကြီး မစ္စတာ ချိန်ဖုန့်ရှမ် (Mr.Chen FengXiang) နေပြည်တော်တွင် တွေ့ဆုံ (ဆင်ဟွာ)
တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားမှုအရ ဥက္ကဌ ဦးရွှေမန်းသည် မေလ ပိုင်းတွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုရေး ပါတီ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဦးဆောင်၍ တရုတ် နိုင်ငံသို့ အလည်အပတ် သွားရောက် ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.