Connect with us

Social

တရုတ်(ဟူနန်)-မြန်မာ ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ နှင့် ဟူနန် ပိုးလမ်းမကြီးဆက်သွယ်ရေးစင်တာ(မြန်မာ)ဆိုင်းဘုတ်ဖွင့်လှစ်ပွဲအခမ်းအနားအား ကျင်းပ

အခမ်းအနား စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်စီးပွားတိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်၍ တရုတ်(ဟူနန်)-မြန်မာ ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲနှင့်ဟူနန်ပိုးလမ်းမကြီးဆက်သွယ်ရေး စင်တာ(မြန်မာ)ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ ဆူးလေ Shangrila Hotelတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဒုတိယ ပြည်နယ်မှူး Mr.He Bao Xiang၊ ဟူနန်ပြည်နယ် ကုန်သွယ်ရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr.Luo Shuang Feng နှင့်တကွ ပြည်နယ်အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြသလို မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လေးနှင့်အခြားတာဝန်ရှိပုဂ္ဂိုလ်များ ၊မြန်မာနိုင်ငံ ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဒုတိယပြည်နယ်မှူး Mr.He Bao Xiangက အဖွင့်အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

အခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် ပထမဦးစွာ ဟူနန်ပြည်နယ် ဒုတိယပြည်နယ်မှူး Mr.He Bao Xiangက ဟူနန်ပြည်နယ်သည် ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းနှင့်ချိတ်ဆက်လျက်ရှိရာ နိုင်ငံနှင့် ဒေသပေါင်း ၂၀၀နီးပါးခန့် ကုန်သွယ်ရေးအသွားအလာရှိပြီး ကမ္ဘာ့ အင်အားကြီးကုမ္ပဏီလုပ်ငန်းပေါင်း ၅၀၀အနက် ၁၆၇ ခုမှာ ဟူနန်ပြည်နယ်တွင်ရှိကြောင်း၊ လက်ရှိ ဟူနန်ပြည်နယ်က မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံသည့် လုပ်ငန်းပေါင်း ၃၀ ကျော် ရှိရာ အခြေခံ အဆောက်အအုံ၊ လယ်ယာ၊ သတ္တု၊စွမ်းအင် စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု များရှိကြောင်း ၊ အထူးသဖြင့် ယခုနှစ်ပိုင်းများတွင် ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းကြောင့် ဟူနန် ပြည်နယ်နှင့်မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးအသွားအလာမှာ ပိုပြီးထဲထဲဝင်ဝင်နီးနီးကပ်ကပ်ရှိ လာ ကြောင်း ၊ ၂၀၁၈ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ဟူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ထုတ်ကုန် သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၁၁၅ သန်းရှိရာ လွန်ခဲ့သော ကာလတူနှစ်များထက် ၅၂%တိုးလာကြောင်း ၊ ယခု မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်စီမံကိန်းများကို လက်တွေ့ချိတ်ဆက် သွားနိုင်ရန် ဟူနန်ပြည်နယ်မှ ထူးချွန်ကောင်းမွန်သည့်ကုမ္ပဏီလုပ်ငန်းများကို စုစည်းကာ လာရောက် လေ့လာခြင်းဖြစ်ကြောင်း ၊ဟူနန်ပြည်နယ်၏ မြန်မာနိုင်ငံ ပိုးလမ်းမကြီးဆိုင်ရာ ဆက်သွယ်ရေးစင်တာ ဖွင့်လှစ်ခြင်းသည်လည်း ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်နှင့် ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လေးက အဖွင့်အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

ဆက်လက်၍ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လေးက တရုတ်-မြန်မာနှစ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည် အိမ်နီးချင်း နိုင်ငံဖြစ်သည့်နှင့်အညီ ရှေးနှစ်ပေါင်းများစွာကပင် ချစ်ကြည်ရင်းနှီးသည့် ကူးလူးဆက်ဆံမှု များရှိခဲ့ ကြောင်း၊ ယခုအခါတွင်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ဆက်ဆံမှုများက အံ့သြစရာကောင်းလောက်အောင်တိုးတက်လာခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍများမှာလည်း တိုးတက်လျက်ရှိကြောင်း ၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းအရ ၂၀၁၈ ခုနှစ် ဇူလိုင်လကုန်အထိ ခွင့်ပြုထားသည့်နိုင်ငံပေါင်း ၄၉ နိုင်ငံတွင် တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး နံပါတ်တစ်နေရာတွင်ရှိနေကြောင်း၊ လုပ်ငန်းပေါင်း ၂၅၆ ခုတွင် အမေရိကန်ဒေါ်လာ ၂၀၀၅၄.၈၃ သန်း ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၂၆.၁ ရာခိုင်နှုန်းရှိရာ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ UMFCCIအနေဖြင့်လည်း တရုတ်နိုင်ငံရှိ ပြည်နယ်အသီးသီးမှ စီးပွားအဖွဲ့အစည်းများနှင့် အပြန်အလှန်ကူညီပံ့ပိုးမှုများပေးရန် MOU ၂၁ စောင် ကို လက်မှတ်ရေးထိုး ထားပြီဖြစ်ကြောင်း ၊ မြန်မာနိုင်ငံသို့ တရုတ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ကြိုဆို ကြောင်း ပြောကြားခဲ့သည်။

– Mr.He Bao Xiangမှ ဟူနန် ပိုးလမ်းမကြီး ဆက်သွယ်ရေးစင်တာ (မြန်မာ)ဆိုင်းဘုတ်အား ဖွင့်လှစ်ပေးစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်အား လက်မှတ်ရေးထိုးစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်အား လက်မှတ်ရေးထိုးစဉ်(ဆင်ဟွာ)

အခမ်းအနားမြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ထို့နောက် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဒုတိယပြည်နယ်မှူး Mr.He Bao Xiangက ဟူနန်ပိုးလမ်းမကြီး ဆက်သွယ်ရေးစင်တာဆိုင်းဘုတ်အား ဖွင့်လှစ်ပေးခဲ့ပြီး တရုတ်၊မြန်မာနှစ်နိုင်ငံ ကုမ္ပဏီများက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ကြသည်။အဆိုပါအခမ်းအနားကို ဟူနန်ပြည်နယ် ကုန်သွယ်ရေးရာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံကုန်သွယ်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI)တို့မှ ကြီးမှူး ကျင်းပကြောင်း သိရသည်။ (Xinhua)