Connect with us

Social

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၉ နှစ်မြောက် ဂုဏ်ပြု အခမ်းအနား နေပြည်တော်၌ ကျင်းပ


နေပြည်တော် ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၉ နှစ်မြောက် ဂုဏ်ပြု အခမ်းအနားကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ (MICC-2) ၌ ယနေ့စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားသို့ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးမြင့်ဆွေ နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့အပါအဝင် အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် နှင့် ဌာနဆိုင်ရာ စသည့် ကဏ္ဍ အသီးသီး မှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင် တက်ရောက်ခဲ့ ကြသည်။တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၉ နှစ်မြောက် ဂုဏ်ပြု အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့က အသီးသီး မိန့်ခွန်းများ ပြောကြားခဲ့ခြင်း ၊ အထိမ်းအမှတ်ကိတ်အား လှီးဖြတ်ခြင်း နှင့် တေးဂီတ၊ အကများဖြင့် ဖျော်ဖြေခြင်းများ ထည့်သွင်း ပြုလုပ်ခဲ့ကြသည်။

ဒုတိယ သမ္မတ ဦးမြင့်ဆွေက အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က အခမ်းအနားသို့မြန်မာနိုင်ငံ အစိုးရ အဖွဲ့အား ကိုယ်စားပြု၍ ကြွရောက် ချီးမြှင့်သည့် ဒုတိယ သမ္မတ ဦးမြင့်ဆွေ အား အထူး ကျေးဇူးတင်ရှိကြောင်း ၊ ၎င်းသည် မြန်မာဘက်မှ တရုတ်-မြန်မာ ဆက်ဆံရေး အပေါ် အထူး အလေးထားခြင်း နှင့် နှစ်နိုင်ငံကြားရှိ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အပြည့်အ၀ ထင်ဟပ်နေကြောင်း ချီးကျူး ဂုဏ်ပြုစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က အခမ်းအနားတွင် မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

ယခုအခါတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံ ၊ အကြီးဆုံး စက်မှု နိုင်ငံ ၊ အကြီးဆုံး ကုန်စည်ကုန်သွယ်ရေး နိုင်ငံ နှင့် အကြီးဆုံး နိုင်ငံခြားငွေ သိုလှောင်ထားရှိသည့် နိုင်ငံ အဖြစ် ရပ်တည်နေပြီ ဖြစ်ကြောင်း တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ထည့်သွင်း ပြောကြားခဲ့သည်။

အနာဂတ်ကို ရှေးရှုရင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပါအဝင် The Belt and Road လမ်းကြောင်း တလျှောက်ရှိ နိုင်ငံများ နှင့် လက်တွဲ၍ အနေအထား အလိုက် ရှေ့သို့ချီတက်ရင်း The Belt and Road တည်ဆောက်ရေး တည်ငြိမ်စွာ ဖွံ့ဖြိုး တိုးတက်ရေးအား မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၊ ထိုသို့ဖြင့် လမ်းကြောင်း တလျှောက်ရှိ နိုင်ငံများ အတွက် ဖွံ့ဖြိုး တိုးတက်မှု အလားအလာသစ်များ ပိုမို ချဲ့ထွင်ပေးပြီး လမ်းကြောင်း တလျှောက်ရှိ နိုင်ငံများမှ ပြည်သူများ အတွက် ဖွံ့ဖြိုး တိုးတက်မှု အကျိုးစီးပွားများစွာ ဖန်တီးပေးနိုင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၉ နှစ်မြောက် ဂုဏ်ပြု အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင် ရေမြေချင်း ဆက်စပ်လျက် ရှိပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်နဲပါကြောင်း ၊ နှစ်နိုင်ငံသည် သဘာဝကျသော အေးအတူပူအမျှ ဖြစ်သည့် အသိုက်အဝန်း ဖြစ်ကြောင်း ၊ ယခုနှစ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်သည့် ၆၈ နှစ် နှစ်ပတ်လည် ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည် ခေတ်သစ်သို့လှမ်းတက် ဝင်ရောက်လာနေပြီ ဖြစ်ကြောင်း ၊ ခေတ်သစ်တွင် အခြေအနေသစ်နှင့် အခွင့်အလမ်းသစ် ပေါ်ထွက်လာပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး၏ ပိုမို သာယာ လှပသည့် အနာဂတ်ကို အတူတကွ ဖန်တီးရန် အတူလက်တွဲ ကြိုးပမ်း ဖော်ဆောင်ကြပါစို့ဟု တရုတ် သံအမတ်ကြီးက တိုက်တွန်း ပြောကြားခဲ့သည်။

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၉ နှစ်မြောက် ဂုဏ်ပြု အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေက တရုတ် ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၆၉)နှစ်မြောက် နှစ်ပတ်လည်အခါသမယတွင် တရုတ်နိုင်ငံအစိုးရ၊ ပြည်သူများနှင့် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့ကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် အကြီးမားဆုံး စီးပွားရေးမိတ်ဖက်နိုင်ငံအဖြစ်နှင့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းထားနိုင်ခဲ့သည်ကို အထူးအားရမိပါ ကြောင်း၊ ထိုသို့ ကောင်းမွန်သည့် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများသည် အနာဂတ်တွင်လည်း မြန်မာ-တရုတ်စီးပွားရေးစြင်္ကံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းကြီး အောက်တွင် ဆက်လက်တိုးတက်နေမည်ဟု ယုံကြည်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၉ နှစ်မြောက် ဂုဏ်ပြု အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ယခုလို မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ (၆၉) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားတွင် မြန်မာနိုင်ငံနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပိုမို တိုးတက်မြင့်မားလာစေရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည့် ကတိကဝတ်ကို ဒုတိယ သမ္မတ ဦးမြင့်ဆွေက ထပ်လောင်း ပြောကြားခဲ့သည်။

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၉ နှစ်မြောက် ဂုဏ်ပြု အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၉ နှစ်မြောက် ဂုဏ်ပြု အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၉ နှစ်မြောက် ဂုဏ်ပြု အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၉ နှစ်မြောက် ဂုဏ်ပြု အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ဇနီးတို့က (၆၉)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ဂုဏ်ပြုကိတ်မုန့်ကို အတူတကွ လှီးဖြတ်ပေး ကြပြီး အနုပညာရှင်များ၏ ရိုးရာယဉ်ကျေးမှု ကပြဖျော်ဖြေမှုများကို တက်ရောက် လာသူများ နှင့် အတူ ကြည့်ရှုအားပေးခဲ့ကြသည်။တရုတ် ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ထူထောင်ခဲ့ပြီး ယင်းနေ့ကို တရုတ်အမျိုးသားနေ့ဟု သတ်မှတ်ကြေညာခဲ့ရာ ယခု ၂၀၁၈ ခုနှစ်သည် ၆၉ နှစ် ပြည့်မြောက်သည့် နှစ် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.