Connect with us

Social

တရုတ်-မြန်မာ နှစ်နိုင်ငံ ဖေါင်ဒေးရှင်း တို့မှပူးပေါင်း၍ မျက်စိအတွင်းတိမ် လူနာ(၂၀၀) အတွက် အခမဲ့ခွဲစိတ် ကုသပေးမည့် “အလင်းရောင်ခရီးစဉ် လှုပ်ရှားမှု”ဆောင်ရွက်

တရုတ် နိုင်ငံ ယူနန်ပြည်နယ် ယူနန်လူမှုရေးအဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ရန်ပုံငွေအဖွဲ့ နှင့် ဝိသာခါ ဖောင်ဒေးရှင်း တို့မှ သဘောတူညီမှု သဝဏ်လွှာ လက်မှတ်ရေးထိုး ခဲ့စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ယူနန်ပြည်နယ် ယူနန်လူမှုရေးအဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ရန်ပုံငွေအဖွဲ့ နှင့် ဝိသာခါ ဖောင်ဒေးရှင်း တို့မှ ပူးပေါင်း၍ မြန်မာ နိုင်ငံ ရှိ မျက်စိအတွင်းတိမ် လူနာ(၂၀၀)ဦးအား အခမဲ့ ခွဲစိတ်ကုသမည့် “အလင်းရောင်ခရီးစဉ် လှုပ်ရှားမှု” ကို ယနေ့ နံနက် ၈ နာရီ အချိန်တွင် ရန်ကုန် မျက်စိ အထူးကု ဆေးရုံကြီး၌ ဖွင့်ပွဲ အခမ်းအနား ကျင်းပ ခဲ့ပါသည်။ဖွင့်ပွဲ အခမ်းအနား အပြီးတွင် ရန်ကုန်မြို့ မျက်စိ အထူးကု ဆေးရုံကြီး၌ ယူနန်ပြည်နယ်ဆေးကုသရေး အဖွဲ့မှ မျက်စိ အတွင်းတိမ် လူနာ စုစုပေါင်း ၅၁ ဦးအား အောင်မြင်စွာ ခွဲစိတ် ကုသ ပေးနိုင်ခဲ့သည်။

ယူနန် ရန်ပုံငွေ အဖွဲ့သည် မြန်မာ နိုင်ငံ တွင် ပရဟိတ လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်ခဲ့ကြောင်း သိရှိခဲ့ရပြီး ယခုအကြိမ်ဆောင်ရွက်သည့် “အလင်းရောင်ခရီးစဉ်”လှုပ်ရှားမှု သည် မန္တလေး ၊ မြစ်ကြီးနား နှင့် တောင်ကြီး မြို့တို့တွင် ပြုလုပ် ခဲ့ပြီးနောက် ၅ ကြိမ်မြောက် ဆောင်ရွက်ခြင်း ဖြစ်သည်။ ယခင် အလင်းရောင် ခရီးစဉ် လှုပ်ရှားမှု အတွင်း မြန်မာ နိုင်ငံ ရှိ အတွင်းတိမ်ဝေဒနာရှင် စုစုပေါင်း ၉၀၀ ကျော်အတွက် အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရှိရသည်။ယူနန်ရန်ပုံငွေ အဖွဲ့ နှင့် ယူနန်ပြည်နယ် ဆေးကုသရေး အဖွဲ့တို့ အနေဖြင့် “အလင်းရောင် ကမ်းလှမ်းပေးခြင်း ၊ ချစ်ကြည်ရေးကမ်းလှမ်းပေးခြင်း ၊ အချစ်ကမ်းလှမ်းပေးခြင်း ၊ ဆွေမျိုးမေတ္တာကမ်းလှမ်းပေးခြင်း” စသည့် ဦးတည်ချက်ဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား ထားရှိသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကို စဉ်ဆက်မပြတ်တိုးတက်စေအောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မျက်စိအတွင်းတိမ် လူနာများအတွက် ခွဲစိတ် ကုသရန် “အလင်းရောင်ခရီးစဉ် လှုပ်ရှားမှု”ဆောင်ရွက် နေစဉ်(ဆင်ဟွာ)

မျက်စိအတွင်းတိမ် လူနာများအတွက် ခွဲစိတ် ကုသရန် “အလင်းရောင်ခရီးစဉ် လှုပ်ရှားမှု”ဆောင်ရွက် နေစဉ်(ဆင်ဟွာ)

မျက်စိအတွင်းတိမ် လူနာများအတွက် ခွဲစိတ် ကုသရန် “အလင်းရောင်ခရီးစဉ် လှုပ်ရှားမှု”ဆောင်ရွက် နေစဉ်(ဆင်ဟွာ)

မျက်စိအတွင်းတိမ် လူနာများအတွက် ခွဲစိတ် ကုသရန် “အလင်းရောင်ခရီးစဉ် လှုပ်ရှားမှု”ဆောင်ရွက် နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ယူနန်ပြည်နယ် ယူနန်လူမှုရေးအဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ရန်ပုံငွေအဖွဲ့ နှင့် ဝိသာခါ ဖောင်ဒေးရှင်း တို့မှ သဘောတူညီမှု သဝဏ်လွှာ လက်မှတ်ရေးထိုးပွဲတွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ထို့နောက်တွင် တရုတ် နိုင်ငံ ယူနန်ပြည်နယ် ယူနန်လူမှုရေးအဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ရန်ပုံငွေအဖွဲ့ နှင့် ဝိသာခါ ဖောင်ဒေးရှင်း တို့သည် အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၆နာရီခွဲ အချိန်တွင် Chatrium Hotel ၌ ဖောင်ဒေးရှင်း နှစ်ခု၏ “အလင်းရောင်ခရီးစဉ် လှုပ်ရှားမှု” ဆိုင်ရာ သဘောတူညီမှု သဝဏ်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနား တစ်ရပ် ကျင်းပ ခဲ့သည်။

အခမ်းအနား သို့ တရုတ်-မြန်မာ နှစ်နိုင်ငံ ဖောင်ဒေးရှင်း တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ အရာရှိများ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။အခမ်းအနား တွင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး တရုတ် နိုင်ငံ ယူနန်ပြည်နယ် ယူနန်လူမှုရေးအဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ရန်ပုံငွေအဖွဲ့ကော်မတီ ဥက္ကဋ္ဌ ချိန်ယွင်ချွမ်း (Cheng Yunchuan) မှ နှုတ်ခွန်းဆက် စကားပြောကြား ခဲ့ပါသည်။ထို့နောက်တွင် ဝိသာခါ ဖောင်ဒေးရှင်း ဒုတိယ ဥက္ကဋ္ဌ ဒေါ်ရွှေရီ မှ ဖောင်ဒေးရှင်း နှစ်ခု အကြား သဘောတူညီမှု စာခွျှန်လွှာ ရေးထိုးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.