Connect with us

Social

သန်လျင် လူငယ် သင်တန်းကျောင်း မှ ကလေးငယ်များအား ဖျော်ဖြေနှစ်သိမ့်ရန် မြန်မာ နိုင်ငံ သို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော တရုတ်နိုင်ငံ စစ်သင်္ဘော မှ တပ်မတော်သား နှင့် အရာရှိများ သွားရောက်


ရန်ကုန် ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သို့ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် တရုတ် နိုင်ငံ ရေတပ် အမှတ် ၂၃ ရေယာဉ်ကာကွယ်ရေး တပ်ဖွဲ့မှ ဗိုလ်မှူးကြီး ဝမ်းဟိုင်(Wang Hai) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် ၉ နာရီ အချိန်တွင် သန်လျင် မြို့ရှိ သန်လျင် လူငယ် သင်တန်းကျောင်းကို သွားရောက်ခဲ့သည်။

ဗိုလ်မှူးကြီး ဝမ်းဟိုင် မှ သင်တန်းကျောင်း သို့ ရောက်ရှိပြီးနောက်တွင် ကလေးငယ်များအတွက် လက်ဆောင်ပစ္စည်းများပေးအပ် ခဲ့ပြီး သင်တန်းကျောင်းရှိ ကလေးငယ်များအား ပျော်ရွှင်စွာ နေထိုင်နေသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ သန်လျင် လူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးညီညီစိုး မှ လက်ဆောင် ပစ္စည်းများကို လက်ခံခဲ့ပြီး ကျေးဇူးတင် ရှိကြောင်း ပြန်လည် ပြောကြား ခဲ့ပါသည်။

တရုတ် နိုင်ငံရေတပ် ဗိုလ်မှူးကြီး ဝမ်းဟိုင် မှ ကျောင်းအုပ်ကြီး ဦးညီညီထွန်း ထံသို့ လက်ဆောင်ပစ္စည်း များပေးအပ်နေစဉ်(ဆင်ဟွာ)

သန်လျင် သင်တန်းကျောင်း ၏ ကလေးငယ်များ မှ တရုတ် ရေတပ်ဖျော်ဖြေမှုတွင် ပါဝင်ဆင်နွဲနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ရေတပ် မှ ဆရာဝန်များမှ ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးမှု ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ရေတပ် တပ်မတော်သားမှ ဝူရှူး အားကစား ပြသနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ရေတပ် တပ်မတော်သားများ မှ သန်လျင် သင်တန်းကျောင်းတွင် စုပေါင်း အမှတ်သရ ဓာတ်ပုံ ရိုက်နေစဉ်(ဆင်ဟွာ)

ထို့နောက်တွင် တရုတ် နိုင်ငံ ရေတပ် တပ်မတော်သား နှင့် အရာရှိတို့မှ သင်တန်းကျောင်းရှိ ကလေးသူငယ် များအား အဆိုအက နှင့် တရုတ် ရိုးရာ တူရိယာ များဖြင့် ဖျော်ဖြေခဲ့ပြီး ကလေးသူငယ်များမှလည်း ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြသည်။ထို့ပြင် တရုတ် နိုင်ငံ စစ်သင်္ဘောမှ ဆရာဝန်များသည် ကလေးသူငယ်များကို ကျန်းမာရေး စစ်ဆေးမှု များ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ နောက်ဆုံးတွင် တရုတ် နိုင်ငံ ရေတပ်မှ တပ်မတော်သားများက ကလေးသူငယ်များအား ဝူရှူး အားကစား ဖြင့် ပြသဖျော်ဖြေခဲ့ပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

သန်လျင် လူငယ်သင်တန်းကျောင်း တွင် မိဘမဲ့ကလေးများအပါအဝင် ကလေးသူငယ်ပေါင်း ၂၀၀ ကျော်ခန့်ရှိပြီး သင်တန်းကျောင်း၌ ဆရာ/ဆရာမ နှင့် ဝန်ထမ်းအင်အား စုစုပေါင်း ၂၁ ဦးရှိကြောင်း သိရှိခဲ့ရပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.