Connect with us

Social

ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေး ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ မန္တလေးမြို့၌ ပြုလုပ်


မန္တလေး ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေး ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ယနေ့မန္တလေးမြို့ဖူကျင့် ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုဓာတ်ပုံပြပွဲ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးပိုမြင့် က ယခုပြပွဲသည် သမိုင်းကြောင်းကို သိရှိစေရန် ရည်ရွယ်ပြီး သင်ခန်းစာယူ မမှားစေရန် ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ တစ်ကမ္ဘာလုံးမှလည်း ငြိမ်းချမ်းရေးကို လိုလားပြီး စစ်ဖြစ်ပွားမှုကို မကြိုက်ကြကြောင်း ၊ စစ်ဖြစ်ပွားမှုကြောင့် ဆုံးရှုံးမှုများ အများအပြား ဖြစ်ပေါ်ပြီး ငြိမ်းချမ်းရေးကို တန်ဖိုးထားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေး ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ (ဆင်ဟွာ)

ယင်းပြပွဲရှိ ဓာတ်ပုံများမှာ တစ်ကမ္ဘာလုံးရှိ ပြည်ပရောက် တရုတ်နိုင်ငံသားများမှ ဖက်ဆစ်ဆန့်ကျင်ရေး အောင်မြင်မှု ရလဒ်အဖြစ် သိမ်းဆည်းထားသော သမိုင်းဝင် အဖိုးတန် ဓာတ်ပုံများအား ခင်းကျင်း ပြသထားခြင်း ဖြစ်ကြောင်း သိရသည်။မန္တလေး တရုတ်ကောင်စစ်ဝန်ချုပ် Mr. Wang Yu က တရုတ်ပြည်သူများနှင့် တစ်ကမ္ဘာလုံး၏ ပူးပေါင်းမှုများကြောင့် အောင်မြင်မှုများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေးကို ဝိုင်းဝန်း ထိန်းသိမ်းရန်လည်း တာဝန်ရှိပါကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ၏ ပြည်ပရောက် တရုတ်လူမျိုး သမိုင်း လေ့လာရေးအသင်း ဒုတိယ အတွင်းရေးမှူးချူပ် Lin Youhui က ဒုတိယ ကမ္ဘာစစ်အတွင်း တရုတ်- မြန်မာ နှစ်နိုင်ငံလုံး ဂျပန်၏ စစ်ဒုက္ခဒဏ်ကို အတူတူခံစားခဲ့ရပြီး နှစ်နိုင်ငံလုံး အတူပူးပေါင်း တွန်းလှန် တိုက်ထုတ် နိုင်ခဲ့သည့်အတွက် အောင်မြင်မှုများ ရရှိခဲ့ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုကို လိုလားပါကြောင်း ပြောကြားခဲ့သည်။

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို မန္တလေးမြို့ရှိ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်း ၊ မန္တလေးတိုင်း ပြန်ကြားရေး အဖွဲ့နှင့် ကွန်ဖြူးရှပ် သင်တန်းကျောင်းတို့မှ ပူးပေါင်း စီစဉ် ပြုလုပ်ခြင်း ဖြစ်ပြီး မန္တလေးမြို့တွင် ၃ ရက်ကြာ ကျင်းပမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.