Connect with us

Social

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး ဦးဆောင်၍ တရုတ်ဆည်မြောင်း တာတမံ ပညာရှင်များမှ ဧရာဝတီမြစ် ဆည်မြောင်း တာတမံ လုပ်ငန်းများ လေ့လာ


ရန်ကုန် ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်ရှိ တမံများနှင့် ဆည်များ၏ လက်ရှိ အခြေအနေကို စေ့စပ်စွာ စုံစမ်း စစ်ဆေးရန် တရုတ် ဆည်မြောင်း တာတမံ ပညာရှင်များနှင့် စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ အရာရှိများ ၊ ဆည်မြောင်း လုပ်ငန်း ကျွမ်းကျင်သူ မြန်မာ ပညာရှင်များနှင့် ပူးတွဲလုပ်ငန်း ဆောင်ရွက်ရေး အဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက် သွားမည် ဟု သိရသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Chen Chen နှင့် တရုတ် ဆည်မြောင်း တာတမံ ပညာရှင်များ ဧရာဝတီမြစ် ဆည်မြောင်း တာတမံ လုပ်ငန်းများ လေ့လာနေစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar Facebook)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး၏ စီစဉ်မှုဖြင့် တရုတ်နိုင်ငံ Changjiang Institute of Survey, Planning, Design and Research မှ ဆည်မြောင်း တာတမံ ပညာရှင် ၅ ဦးသည် သြဂုတ်လ ၂၈ ရက်နေ့ က ရန်ကုန်မြို့သို့ရောက်ရှိ လာခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Chen Chen ဦးဆောင်၍ တိုက်ကြီးမြို့နယ်သို့ သွားရောက်၍ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Chen Chen နှင့် တရုတ် ဆည်မြောင်း တာတမံ ပညာရှင်များ ဧရာဝတီမြစ် ဆည်မြောင်း တာတမံ လုပ်ငန်းများ လေ့လာနေစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar Facebook)

တရုတ်နှင့် မြန်မာ ကျွမ်းကျင်သူများ ပူးတွဲလုပ်ငန်း ဆောင်ရွက်ရေး အဖွဲ့သည် ညောင်တုန်း ၊ ဇလွန် နှင့် ဟင်္သာတ မြို့နယ်များသို့သွားရောက်ပြီး အခြေခံ အဆောက်အအုံများနှင့် ရေလျှံမှု ထိန်းချုပ်ရေး ဆိုင်ရာ အထောက်အကူပြု အခြေအနေများကို စုံစမ်း စစ်ဆေးပြီး ကွင်းဆင်း လေ့လာကြမည် ဖြစ်သည့် အပြင် ဧရာဝတီ တိုင်းဒေသကြီးတွင် ရေအား လျှပ်စစ် ထုတ်လုပ်ရေးနှင့် ရေလျှံမှု ထိန်းချုပ်ရေး လုပ်ငန်းဆိုင်ရာ စီမံကိန်း တစ်ရပ်ကို အပြီးသတ် ရေးဆွဲကြမည်ဟု သိရသည်။ (Xinhua)