Connect with us

Social

တရုတ်-မြန်မာ နှစ်နိုင်ငံ အတူပူးပေါင်းဆောင်ရွက်မှုဖြင့် ဘေးအန္တရာယ်များ ကျော်လွှားနိုင်ကြောင်း တရုတ်သံအမတ်ကြီး ပြောကြား


နေပြည်တော် ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)မှ မြန်မာရေ ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများအား မြန်မာ့ တပ်မတော်မှ တဆင့် လွှဲပြောင်း ပေးအပ် လှူဒါန်းခြင်းကြောင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုသည် တပ်မတော်များ၏ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြုနိုင်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယနေ့နေပြည်တော်လေဆိပ်၌ သတင်းမီဒီယာများသို့ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် အလွန်ကောင်းမွန်ပါကြောင်း ၊ တရုတ်တပ်မတော်သည် တရုတ်နိုင်ငံတွင် ဘေးအန္တရာယ်ကြုံသည့် အခါ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း ၊ မြန်မာ တပ်မတော်ရဲ့ကယ်ဆယ်ရေးလုပ်ငန်း ကြိုးပမ်းဆောင်ရွက်ချက်များကို တရုတ် တပ်မတော်မှလည်း ချီးကျူးထားပါသည်။ယခုလို လူသားချင်း စာနာထောက်ထားမှုများ ပေးပို့ရုံသာမက တရုတ်နိုင်ငံသည်။ မြန်မာအစိုးရ ၊ တပ်မတော်နှင့် ဒုက္ခသင့်ဒေသပြည်သူများ၏ လိုအပ်ချက်အတိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပါသည်။ယခုကဲ့သို့ရေဘေး ဖြစ်ပေါ်သည့်အခါ တရုတ် အစိုးရ ၊ ပြည်သူလူထုနှင့် တပ်မတော်သည် မြန်မာ အစိုးရ ၊ ပြည်သူလူထုနှင့် တပ်မတော် တို့နှင့်အတူ ရင်ဆိုင်နေပြီး မိမိတို့ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေဘေးအန္တရာယ်ကို ကျော်လွှားနိုင်ရန် ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် အား မီဒီယာများမှ အင်တာဗျူးနေစဉ် (ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ထံသို့ ထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်း ပေးအပ်နေစဉ် (ဆင်ဟွာ)

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)မှ မြန်မာရေ ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများအား မြန်မာ့ တပ်မတော်မှ တဆင့် လွှဲပြောင်း ပေးအပ် လှူဒါန်းနေစဉ် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) မှ မြန်မာနိုင်ငံရှိ ရေဘေးသင့် ပြည်သူများ အတွက် ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်း အသုံးအဆောင်များ တင်ဆောင်လာသော လေယာဉ် ၂ စင်းသည် ယနေ့နံနက်ပိုင်း အချိန်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာခဲ့ပြီး ပစ္စည်းများ လွှဲပြောင်း ပေးအပ် လှူဒါန်းရာတွင် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် တက်ရောက်ခဲ့ပြီး တပ်မတော်ဘက်မှ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က လွှဲပြောင်း လက်ခံ ရယူခဲ့သည်။

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) မှ ထောက်ပံ့ရေး ပစ္စည်း အသုံးအဆောင် များအား စုစုပေါင်း လေယာဉ် ၄ စင်းဖြင့် ပို့ဆောင် လှူဒါန်းမည် ဖြစ်ရာ ယခု ပထမ အခေါက်အဖြစ် လေယာဉ် ၂ စင်းဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ယခု လှူဒါန်းမှုသည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) မှ မြန်မာ ရေဘေးသင့် ပြည်သူများ အတွက် ယွမ်ငွေ ၁၀ သန်း တန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်း အသုံးအဆောင် များကို လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ယခင်ကလည်း တရုတ်နိုင်ငံ အစိုးရမှ ယွမ် ၁၀ မီလီယံ ( အမေရိကန် ဒေါ်လာ ၁.၆၃ မီလီယံ) တန်ဖိုးရှိသော အရေးပေါ် ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းများအား မြန်မာနိုင်ငံက ရေဘေးသင့်ဒဏ်ခံ ပြည်သူများ အတွက် ပေးအပ် လှူဒါန်းခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.