Connect with us

Social

တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းအတွက် ကျပ်သိန်း၆၀၀ တန်ဖိုးရှိသည့် စားသောက်ကုန်များလှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး မစ္စတာဟုန်လျန် (Hong Liang) က အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းအတွက် ကျပ်သိန်း၆၀၀ တန်ဖိုးရှိသည့် စားသောက်ကုန်များလှူဒါန်းပွဲ အခမ်းအနားကို မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းတွင် ယနေ့ ကျင်းပခဲ့သည်။

မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်းက “ဒီနေ့က မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါတယ်။ မေရီချက်ပ်မင်း နားမကြားသော ကျောင်းရဲ့ အမှန်တကယ်လိုအပ်နေတဲ့ မီးဖိုချောင်သုံး စားသောက်ကုန် နဲ့ တခြားပစ္စည်းတွေကို ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်နိုင်ငံ သံရုံး မှ သံအမတ်ကြီး နှင့် အလှူရှင်တွေက စေတနာထက်သန်စွာ နဲ့ လာရောက်လှူဒါန်းတဲ့ နေ့ဖြစ်လို့ပါပဲ။’’ ဟုပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး မစ္စတာဟုန်လျန် (Hong Liang) က “မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းဟာ နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ ဒီကလေးငယ်တွေ အများစုဟာ မိသားစုအခက်အခဲတွေ နဲ့ ကြုံတွေ့ခဲ့ ရပြီး စာနာဖွယ်ကောင်းလှပါတယ်။ အခုတလောမှာ ကျောင်းက ကလေးတွေဘဝနေထိုင်မှုအတွက် အခက်အခဲအချို့ကြုံတွေ့နေရတယ်လို့ သိရှိရတဲ့ အတွက် အိမ်နီးချင်း နဲ့ မိတ်ဆွေအနေနဲ့ ကျွန်တော်တို့နွေးထွေးသော လက်တစ်စုံကမ်းပေးသင့်တယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် တရုတ်သံရုံးက မြန်မာကျပ်ငွေ သိန်း၆၀၀ အကုန်အကျခံပြီး စီးတီးမတ် ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ကလေးသူငယ်များအတွက် စားသောက်ကုန် နဲ့ နေ့စဉ်သုံးပစ္စည်းများကို ကာလခွဲ၊ အသုတ်ခွဲပြီး လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်’’ ဟု ပြောကြားခဲ့သည်။

မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်း ကို ၁၉၂၀ ခုနှစ်ကစပြီး အင်္ဂလန်နိုင်ငံက မေရီချက်စ်မင်းဆိုသည့် ဆရာမကြီးက မြန်မာနိုင်ငံမှာ ရှိသည့် နားမကြားကလေးများ ကို ပညာသင်ကြားပေးရန် ဆရာဖြစ်သင်တန်းနှင့် တကွစာသင်ကျောင်းကို စတင်တည်ထောင် ခဲ့ခြင်းဖြစ်သည်။

မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်းကနှုတ်ခွန်းဆက်စကားပြောကြားစဉ် (ဆင်ဟွာ)

City Mart မှ အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့် မှ ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားစဉ် (ဆင်ဟွာ)

အလှူပစ္စည်းများအားတွေ့ရစဉ် (ဆင်ဟွာ)

သံအမတ်ကြီး မစ္စတာဟုန်လျန် (Hong Liang) ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်း နှင့် City Mart မှ အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့် တို့မှ လှူဒါန်းမှု နှင့် သက်ဆိုင်သော သဘောတူစာချုပ်အား လက်မှတ်ရေးထိုးစဉ် (ဆင်ဟွာ)

သဘောတူစာချုပ်အား လက်မှတ်ရေးထိုးအပြီး တွေ့ရစဉ် (ဆင်ဟွာ)

ကျောင်းသူလေးများမှ ဖျော်ဖြေတင်ဆက် ကပြစဉ် (ဆင်ဟွာ)

အမှတ်တရဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

City Mart မှ အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့် က “ကျွန်မတို့ကို ယုံယုံကြည်ကြည် နဲ့ ရွေးချယ်ပြီး ငှားရမ်းပေးအပ် တဲ့ တရုတ်နိုင်ငံသံရုံးကို လည်း အများကြီး ကျေးဇူးတင်ပါတယ်။ မေရီချက်စ်မင်းကျောင်းက အစဉ်အလာကြီးတဲ့ ကျောင်းတစ်ခုဖြစ်ပါတယ်။ အဲ့လိုကျောင်းမှာ ကလေးများ အတွက် လိုအပ်တဲ့ အဟာရ နဲ့ အသုံးဆောင်ပစ္စည်းတွေကို လှူဒါန်းပေးဖို့ ရွေးချယ်တဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံရဲ့ အလှူဟာ အရမ်းကို မွန်မြတ်လှပါတယ်။ အဟာရ ဆိုတာ ကလေးတွေရဲ့ကိုယ်ရော စိတ်ပါ ကျန်းမာဖို့အတွက် အလွန်ပဲ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်တာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အဟာရ ဖြစ်ဖို့ အတွက် တရုတ်နိုင်ငံ သံရုံးကနေ ကျွန်မတို့ကိုဖိတ်ခေါ်တာဖြစ်ပြီး စီးတီးမတ် အနေနဲ့ ကောင်းမွန်အဟာရ ပြည့်ဝတဲ့ အစားအစာ တွေကို တာဝန်ယူပြီး ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။’’ ဟုပြောကြားခဲ့သည်။

မှတ်တမ်းများအရ ကျောင်းဖွင့်စတွင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးမပြည့်ကြောင်း သိရသည်။ ယခုချိန်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၅၇ ဦးရှိပြီးထိုအထဲမှာမှ အဆောင်မှာနေသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၂၃၀ နှင့် အိမ်မှ တက်ကြသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၁၅၀ ဦး ရှိပြီး၊ ကျောင်းတွင် ဆရာ၊ ဆရာမ ၄၀ ဦးမှ သင်ကြားပေးလျက်ရှိသည်။ ကလေးများအား သင်ကြားပေးသည့် ဆရာ၊ဆရာမ များသည် ဆရာဖြစ်သင်တန်းဆင်းများ ဖြစ်ကြသည်။ ကျောင်းတွင် တက်ရောက်နေကြသည့် ကလေးများတွင် လုံးဝ နားမကြားသည့် ကလေး၊ တစိတ်တပိုင်းကြားသည့် ကလေး နှင့် နားကြားဖို့ အတွက် ခွဲစိတ်ထားသည့် ကလေးဟူ၍ သုံးမျိုးရှိကြောင်း သိရသည်။ နားမကြားသည့် ကလေးများအားလက်သင်္ကေတဖြင့် သင်ကြားရကြောင်း၊ နားတစိတ်တပိုင်းကြားသည့် ကလေးများအား နားကြားအထောက်အကူပြု ပစ္စည်းကိရိယာ များဖြင့် သင်ကြားပေးကြောင်း ၊ နားကြားရန်အတွက် ခွဲစိတ်ထားသည့် ကလေးငယ်များ အား ဘယ်သူတွေဘာပြောတာလဲ၊ သီချင်းဆိုတာလား၊ တရားဟောသံလား ခွဲခြားလို့ရရန် သင်ကြားပေးသည့် ဌာန ရှိကြောင်း သိရသည်။ကျောင်းတွင် အသက် ၆ နှစ်မှ စပြီး လက်ခံကြောင်း သိရသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်းက “တချို့ ၁၀ နှစ်၊ ၁၁ နှစ်၊ ၁၂ နှစ်မှ ရောက်လာကြတဲ့ ကလေးတွေလည်း ရှိပါတယ်။ အသက်မတူတော့ သက်လွန်ခန်းဆိုပြီး အခန်းဖွဲ့ထားပေးပါတယ်။ နှစ်တိုင်း အဲဒီအရွယ် ကလေးများ ၃၀ ကျော်လောက်ရှိပါတယ်။’’ ဟုပြောသည်။

ပညာရေးစိတ်ဝင်စားသူများမှ ၈တန်း၊ ၉ တန်း၊ ၁၀ တန်း ကျောင်းသား၊ ကျောင်းသူများ ကို အ.ထ.က ၃ ဒဂုံ၌ ကျောင်းဆက်နေ ကြကြောင်း၊ ပညာရေးအားသိပ်မသန်သည့် ကလေး ငယ်များ အတွက် သက်မွေးဝမ်းကျောင်းပညာရေး သင်ကြားပေးထားကြောင်း၊ လက်မှုပညာ၊ အနှိပ်၊ အချက်အပြုတ်၊ အလှပြင် သင်တန်း စသည်တို့ကို သင်ကြားပေးနေကြောင်း သိရသည်။ ကျောင်းတွင် တိုင်းရင်းသား လူမျိုး ၁၀ မျိုး တက်ရောက်သင်ကြားလျက်ရှိသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်းက “ကျွန်မတို့ ကျောင်းမှာ ကျောင်းလခ ၅၀၀၀၊ ထမင်းလခ ၁၅,၀၀၀ ကောက်တယ်။ ကျောင်းသားတွေ ရဲ့ ၅၀ ရာခိုင်နှုန်းကပဲ ပိုက်ဆံပေးနိုင်ပါတယ်။ ကျောင်းရဲ့ ၁ရက်တာ ကုန်ကျစရိတ်က ငွေကျပ် ၁၅၀,၀၀၀ လောက်ရှိပါတယ်။ ကျွန်မတို့ကျောင်းကို အခုလိုလှူဒါန်းပေးတဲ့ သံအမတ်ကြီးတို့ ကိုလည်းကျေးဇူး အများကြီး တင်ပါတယ်။’’ ဟုပြောကြားခဲ့သည်။

၎င်းအခမ်းအနား တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး မစ္စတာဟုန်လျန် (Hong Liang) ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်း နှင့် City Mart မှ အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့် တို့မှ လှူဒါန်းမှု နှင့် သက်ဆိုင်သော သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ယင်းနောက်တွင် ကျောင်းသား၊ ကျောင်းသူလေးများ မှ ဖျော်ဖြေတင်ဆက် ကပြခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.