Connect with us

Social

Oversea ဆွေမျိုးပေါက်ဖော်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံကြရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖိတ်ခေါ်

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် မင်္ဂလာမောင်းတီးပြီး ဖွင့်လှစ်စဉ် (ဆင်ဟွာ)

မန္တလေး၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် မွေးဖွားပြီး နိုင်ငံရပ်ခြား တိုင်းပြည်များသို့ ရောက်ရှိနေကြသည့် Oversea တရုတ် လူမျိုး ဆွေမျိုး ပေါက်ဖော်တို့အား မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က Oversea တရုတ်လူမျိုးများ နဝမ အကြိမ်မြောက် ပြန်လည်တွေ့ဆုံပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

“မြန်ပြည်မှာနေသွားတဲ့ မြန်မာ့ရေကို သောက်သုံးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ဆွေမျိုး ပေါက်ဖော်တွေဟာ မြန်မာနိုင်ငံကို လာပြီးတော့ အခုလိုအချိန်မှာ ဒီလို တတ်နိုင်တဲ့ ဘက်ကနေ စောင့်ရှောက်ချင်စေ ပါတယ်၊ ကျေးဇူးဆပ်ချင်လို့ လာတယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ အတော်ကောင်းမွန် တဲ့ ရည်ရွယ်ချက်ပါ၊ ဒါကြောင့်မို့လည်း ဒီလို နဝမ အကြိမ်မြောက် သူတို့ရဲ့ တွေ့ဆုံပွဲကနေ ကျွန်တော်တို့နိုင်ငံရဲ့ လူမှုရေး ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးတွေကို လာရောက် ရင်းနှီးမြှုပ်နှံပါလို့ ကျွန်တော် မန္တလေးတိုင်းဒေသကြီး အစိုးရ ကိုယ်စား ဖိတ်ခေါ်ချင်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အဖွင့် မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ Oversea Chinese Association ဒုတိယ ဥက္ကဌ Mr. Qiao Wei အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) ဥက္ကဌ ဦးစိန်ဝင်းအောင် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ Oversea တရုတ် ရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး Ms. Yu Jian Ming အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မန္တလေးမြို့အခြေစိုက် တရုတ် ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Wang Zong Ying (ဦးကျော်ရင်) အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ကြင်းတော်ယန် ပရဟိတ အသင်းချုပ် ဥက္ကဌ ဦးမောင်မောင် အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

မကာအိုမှ မြန်မာနိုင်ငံဖွား Oversea Chinese အဖွဲ့ခေါင်းဆောင်က အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

အထက်မြန်မာပြည် တရုတ်ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဒေါက်တာ ကိုကိုကြီးက ကျေးဇူးတင်စကား ပြောကြားစဉ် (ဆင်ဟွာ)

မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံတွင် နိုဝင်ဘာ ၁၈ နှင့် ၁၉ ရက်များ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည့် အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များ၊ မန္တလေး အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် အဖွဲ့ဝင်များ၊ တရုတ် – မြန်မာ ချစ်ကြည်ရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တရုတ်ပြည်မကြီးမှ ဧည့်သည် တော် အချို့အပါအဝင် မကာအို၊ ဟောင်ကောင်နှင့် အမေရိကန် နိုင်ငံတို့မှ မြန်မာပြည်ဖွား တရုတ် အမျိုးသားများ လေးရာ ခန့်နှင့် ဒေသခံပြည်သူ ငါးရာကျော်- စုစုပေါင်း ပရိသတ် တစ်ထောင်ခန့် တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောအပြီးတွင် တရုတ်နိုင်ငံ Oversea Chinese Association ဒုတိယ ဥက္ကဌ Mr. Qiao Wei ကလည်းကောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) ဥက္ကဌ ဦးစိန်ဝင်းအောင်ကလည်းကောင်း၊ တရုတ်နိုင်ငံ Oversea တရုတ် ရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး Ms. Yu Jian Ming ကလည်းကောင်း၊ မန္တလေးမြို့အခြေစိုက် တရုတ် ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Wang Zong Ying (ဦးကျော်ရင်) ကလည်းကောင်း၊ မန္တလေးမြို့ကြင်းတော်ယန် ပရဟိတ အသင်းချုပ် ဥက္ကဌ ဦးမောင် မောင်ကလည်းကောင်း၊ မကာအိုမှ မြန်မာပြည်ဖွား Oversea Chinese အဖွဲ့ခေါင်းဆောင်ကလည်း ကောင်း၊ အထက်မြန်မာပြည် တရုတ်ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဒေါက်တာ ကိုကိုကြီးက လည်းကောင်း အမှာစကားများ၊ ကျေးဇူးတင်စကားများ အသီးသီး ပြောကြားခဲ့ကြသည်။

နေ့လယ်ပိုင်း အမျိုးသား ကဇာတ်ရုံ၌ ဆက်လက်ကျင်းပသည့် ပေါက်ဖော် ဖိုရမ်တွင် မြန်မာ – တရုတ် ချစ်ကြည်ရေး အသင်း(မန္တလေး) ဥက္ကဌ ဦးပိုမြင့်၊ ရှမင် တက္ကသိုလ်မှ ပါမောက္ခ မစ္စတာဝမ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်သန်း ထွန်း (ကန်တုန်)၊ တရုတ်နိုင်ငံ ထိပ်တန်းသုတေသနဌာနများ (China Top Think Tank) ထဲတွင်ပါဝင်သော ဆင်ဟွာကမ္ဘာ့ရေးရာသုတေသနဌာန၏ သုတေသနပညာရှင် နှင့် ဆင်ဟွာရန်ကုန်ဗျူရို ဌာနမှူးဟောင်း Mr. Zhang Yunfei (ဦးထွန်းဖေ)နှင့် ‘ဒေါ်ဇင်ခိုင် ဖောင်ဒေးရှင်း’ မှ ဆရာမကြီး ဒေါ် ဇင်ခိုင်တို့က “ရပ်ဝန်းတစ်ခု လမ်းကြောင်း တစ်ကြောင်းတွင် မြန်မာနိုင်ငံ အရေးပါခြင်း၊ Oversea တရုတ်များက နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ပေါင်းကူးသဖွယ် ဖြစ်ခြင်း၊ ဇာတိမြေကို တက်ကြွစွာ ကျေးဇူးပြန်ဆပ်ဖို့ လိုအပ်ခြင်း” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေး ခဲ့ကြသည်။

နေ့လယ်ပိုင်း ပေါက်ဖော် ဖိုရမ်တွင် မြန်မာ – တရုတ် ချစ်ကြည်ရေး အသင်း(မန္တလေး) ဥက္ကဌ ဦးပိုမြင့် ဆွေးနွေး တင်ပြစဉ် (ဆင်ဟွာ)

နေ့လယ်ပိုင်း ပေါက်ဖော် ဖိုရမ်တွင် ရှမင် တက္ကသိုလ်မှ ပါမောက္ခ မစ္စတာဝမ် ဆွေးနွေးတင်ပြစဉ် (ဆင်ဟွာ)

နေ့လယ်ပိုင်း ပေါက်ဖော် ဖိုရမ်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်သန်းထွန်း(ကန်တုန်) ဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်တန်းသုတေသနဌာနများ (China Top Think Tank) ထဲတွင်ပါဝင်သော ဆင်ဟွာကမ္ဘာ့ရေးရာသုတေသနဌာန၏ သုတေသနပညာရှင် နှင့် ဆင်ဟွာရန်ကုန်ဗျူရို ဌာနမှူးဟောင်း Mr. Zhang Yunfei (ဦးထွန်းဖေ) ဆွေးနွေးတင်ပြစဉ် (ဆင်ဟွာ)

နေ့လယ်ပိုင်း ပေါက်ဖော် ဖိုရမ်တွင် ဒေါ်ဇင်ခိုင် ဖောင်ဒေးရှင်းမှ ဆရာမကြီး ဒေါ် ဇင်ခိုင်က ဆွေးနွေးတင်ပြစဉ် (ဆင်ဟွာ)

ထို့နောက် ညနေပိုင်းတွင် ကြင်းတော်ယန် ဘုံကျောင်းရှိ “ပေါက်ဖော် သမိုင်း ယဉ်ကျေးမှု ပြတိုက်” ကို ဖွင့်လှစ်ခဲ့ကြပြီး ဧည့်သည်တော်များအား ညစာစားပွဲ၊ ပျော်ပွဲ ရွှင်ပွဲများဖြင့် ကြင်းတော်ယန် ပရဟိတ အသင်းက ဧည့်ခံခဲ့သည်။ တွေ့ဆုံပွဲတော် ဒုတိယနေ့ နိုဝင်ဘာ ၁၉ ရက် မနက်တွင် ဧည့်သည်တော် များအား မန္တလေးနှင့် အနီးတစ်ဝိုက်သို့ ပို့ဆောင် လည်ပတ်စေမည်ဖြစ်ပြီး ညနေပိုင်းတွင် ပွဲတော် ပိတ်ပွဲနှင့် ဒသမ အကြိမ်မြောက် Oversea Chinese တွေ့ဆုံပွဲတော်ကို လွှဲပြောင်း လက်ခံမည့် မကာအို အဖွဲ့ထံ လွှဲပြောင်းခြင်းအခမ်းအနားများ ကျင်းပသွားမည်ဟု သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117