Connect with us

Social

တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်သည့် ၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် အတွင်း မျက်စိ အတွင်းတိမ် ဝေဒနာရှင်များအား အောင်မြင်စွာ အခမဲ့ ခွဲစိတ် ကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့

မျက်စိ အတွင်းတိမ် ခွဲစိတ် ကုသပြီးသော ဝေဒနာရှင်များအား တရုတ် မျက်စိ အထူးကု ဆရာဝန်များက ပတ်တီးများ ခွာပေးနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံမှ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သည့် ၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် အတွင်း ရှမ်းပြည်နယ် တောင်ကြီး မြို့နယ် နှင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်တို့၌ မျက်စိ ဝေဒနာရှင်များအား အခမဲ့ မျက်စိ စစ်ဆေး ခွဲစိတ်ကုသမှုများအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် အောင်မြင်ခြင်း အခမ်းအနားအား ယနေ့နိုဝင်ဘာလ ၁ ရက်တွင် နေပြည်တော် ဥတ္တရ သီရိ မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်း အထူးကု ဆေးရုံကြီး၌ ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယခုကဲ့သို့ဆောင်ရွက်ပေးမှုများ အပေါ် ကျေးဇူးတင်ရှိကြောင်း ၊ ယခု ဆောင်ရွက်ချက်များသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နှင့် မြန်မာ နိုင်ငံ၏ ချစ်ကြည်ရေး ၊ ပူးပေါင်း ဆောင်ရွက်ရေးတွင် လွန်စွာ အထောက်အကူ ဖြစ်စေကြောင်း ၊ နောင်တွင် မကြာခဏ ခွဲစိတ်ကုသပေးမှုများအား ပြုလုပ်ပေးရန် ဖိတ်ခေါ်ပါကြောင်း ၊ ယနေ့မှ စ၍ တရုတ်-မြန်မာ ချစ်ကြည်ရေးသည် ပိုမို ခိုင်မြဲ ရှင်သန်ပြီး အဓွန့်ရှည်ပါစေကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်-မြန်မာ နှစ်နိုင်ငံ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် ယခု ပရဟိတ ဆောင်ရွက်မှုကို အောင်မြင်စွာ ဖော်ဆောင် နိုင်ပြီး ယနေ့အောင်မြင်မှု ရလဒ်ကို ဆွတ်ခူးနိုင်ခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် အောင်မြင်ခြင်း အခမ်းအနားအား တရုတ်-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက အခမ်းအနားတွင် အဖွင့်အမှာ စကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

လေးကျွန်းသူ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ မြသီတာက အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

Lifeline Express Foundation(CHINA) ဥက္ကဋ္ဌ Mrs.Nellie Fong က အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ဥတ္တရ သီရိ မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်း အထူးကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ လှမာလာ က အခမ်းအနားတွင် ကျေးဇူးတင် စကား ပြောကြားစဉ်(ဆင်ဟွာ)

၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် အောင်မြင်ခြင်း အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

နေပြည်တော် ဥတ္တရ သီရိ မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်း အထူးကု ဆေးရုံကြီးတွင် မျက်စိ ခွဲစိတ် စစ်ဆေးပြီးသည့် ဒေသခံ ပြည်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ်များတွင် တရုတ်ဘက်မှ မြန်မာနိုင်ငံ၏ ပညာရေး ၊ ကျန်းမာရေး ၊ ဘေးအန္တရာယ် ကယ်ဆယ်ရေး ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်း ကဏ္ဍများတွင် အဆက်မပြတ် တိုးမြှင့် ပါဝင်လာပြီး နှစ်နိုင်ငံ ပြည်သူ အကြား ပြည်သူချင်း စိတ်ချင်း ဆက်နွယ်ရေးကို တိုးမြှင့် ဖော်ဆောင်ရင်း တရုတ်-မြန်မာ အစဉ်အလာ ကြီးမားသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို နက်ရှိုင်းစေပါကြောင်း သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် အတွင်း ရှမ်းပြည်နယ် တောင်ကြီးမြို့၌ မျက်စိ ဝေဒနာရှင် ၂၀၀၀ ကျော် နှင့် နေပြည်တော်၌ မျက်စိ ဝေဒနာရှင် ၃၀၀၀ နီးပါးအား မျက်စိ အခမဲ့ စစ်ဆေးမှုများ ပြုလုပ် ပေးသကဲ့ သို့မျက်စိအတွင်းတိမ် ဝေဒနာရှင် ၅၀၀ ဦးကျော်အား အောင်မြင်စွာ ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပျဉ်းမနား မြို့နယ် အတွင်း နေထိုင်သူ အသက် ၆၆ နှစ် အရွယ်ရှိသူ ဒေါ်ခင်စန်းရင်က “ကျွန်မ မျက်စိက အတွင်းတိမ် ဖြစ်နေတာ ကြာပါပြီ။လေးကျွန်းသူ ဖောင်ဒေးရှင်း အဖွဲ့က တောရွာတွေကို လာပြီးတော့ မရှိတဲ့သူ ၊ မကုသနိုင်တဲ့သူတွေကို လိုက်ပြီး စုစည်းပေးပါတယ်။ဒီဆေးရုံမှာ တရုတ် ဆရာဝန်ကြီးတွေနဲ့လာပြီး ကုရပါတယ်။အခုဆိုရင် အမြင်ကလည်း အရင်ကထက် ကြည်ပါတယ်။အလွန်ကို ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။ကျေးဇူးလဲ အများကြီး တင်ပါတယ်။တရုတ်-မြန်မာ ချစ်ကြည်ရေးကို ပိုပြီး ခိုင်မြဲပါစေ ၊ အစဉ် ထာဝရ ချစ်ကြည်နိုင်ပါစေလို့ဆုတောင်းပါတယ်။”ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ်အား လေးကျွန်းသူ ဖောင်ဒေးရှင်း နှင့် တရုတ် ကျန်းမာရေး အမြန်ရထား ဖောင်ဒေးရှင်း(LIFELINE EXPRESS FOUNDATION) တို့ ပူးပေါင်း၍ ရှမ်းပြည်နယ် တောင်ကြီး စဝ်စံထွန်း ဆေးရုံ၌ အောက်တိုဘာ ၁၉ ရက်မှ ၂၄ ရက် အထိ လည်းကောင်း ၊ နေပြည်တော် ဥတ္တရ သီရိ သီရိ မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်း အထူးကု ဆေးရုံကြီး၌ အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက်ထိ လည်းကောင်း ၊ ဇမ္ဗူသီရိ ဆေးရုံ၌ နိုဝင်ဘာ ၂ ရက်မှ ၄ ရက် အထိ လည်းကောင်း တရုတ်နိုင်ငံ Henan Provincial People’s Hospital မှ တရုတ် မျက်စိ အထူးကု ဆရာဝန်ကြီးများ နှင့် ဒေသခံ မြန်မာ မျက်စိ အထူးကု ဆရာဝန်ကြီးများ ပူးပေါင်းကာ အခမဲ့ မျက်စိ စစ်ဆေးခြင်း ၊ အတွင်းတိမ် ခွဲစိတ် ကုသမှုများအား ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထို့အတူ ၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် အောင်မြင်ခြင်း အခမ်းအနားတွင် လေးကျွန်းသူ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ မြသီတာက ၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် နှင့် ပတ်သက်၍ အမှတ်တရ ကျေးဇူးတင် စကား ပြောကြားခြင်း ၊ Lifeline Express Foundation(CHINA) ဥက္ကဋ္ဌ Mrs.Nellie Fong က ၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် အကြောင်း မိတ်ဆက် ပြောကြားခြင်း ၊ ဥတ္တရသီရိ မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်း အထူးကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ လှမာလာ က ကျေးဇူးတင် စကား ပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။

၂၀၁၇ မျက်စိ အလင်းပြ ခရီးစဉ် အောင်မြင်ခြင်း အခမ်းအနားသို့ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ Honorary Poverty Alleviation Ambassador,Madam Le Aimei ၊ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ The China Council for the promotion of international trade ၏ Former President,H.E.Mr.Yu Xiaosong အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.