Connect with us

Social

မြန်မာနိုင်ငံ၏ ပထမဆုံး တန် တစ်သောင်း ဘိလပ်မြေစက်ရုံ ကျောက်ဆည်တွင် ဖွင့်

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မန္တလေး၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပထမဆုံး တန် တစ်သောင်း ဘိလပ်မြေစက်ရုံကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့စက်မှုဇုန်တွင် ယနေ့ စတင် ဖွင့်လှစ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ စီးပွားရေး သံမှူး မစ္စတာရှဲကော်ရှန် တို့တက်ရောက်ခဲ့ကြသည်။

Yun Nan Jian Sheng Investment co., Ltd. နှင့် သံတော်မြတ် ကုမ္ပဏီတို့ ပူးပေါင်းထားသည့် မြန်မာ သံတော်မြတ် ကုမ္ပဏီသည် ၂၀၁၁ ခုနှစ်တွင် တစ်ရက် တန်ငါးထောင်ကျ ဘိလပ်မြေစက်ရုံ ပထမ လိုင်းကို ဖွင့်လှစ်ခဲြ့ပီး ယနေ့ တန်ငါးထောင်ကျ ဒုတိယလိုင်းကို ယနေ့ နေ့လယ်တွင် မီးသင်းဖိုအား မီးထွန်းညှိကာ ထပ်မံ ဖွင့်လှစ်လိုက်ခြင်းဖြင့် တစ်ရက် တန် တစ်သောင်း ထုတ်လုပ်နိုင်သည့် မြန်မာနိုင်ငံ၏ ပထမ အကြီးဆုံး ဘိလပ်မြေ စက်ရုံကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ စီးပွားရေး သံမှူး မစ္စတာရှဲကော်ရှန် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

မြေဧက ၁၅၀၀ ပေါ်တွင် SIOMA Intl. Engineerig Co., Ltd. က ကန်ထရိုက်ယူပြီး တည်ဆောက်ပေးခဲ့သည့် ထုတ်လုပ်မှုလိုင်း နှစ်လိုင်း (တန်တစ်သောင်း) ပါဝင်သော အဆိုပါ စက်ရုံအတွက် တရုတ်ယွမ်ငွေ ၂ ဒသမ ၅ ဘီလျံရင်းနှီးမြှုပ်နှံထားပြီး ဘိလပ်မြေ ဈေးကွက်၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်၊ ဒေသခံ ပြည်သူတို့အား အလုပ်အကိုင် အခွင့်အလမ်းနှင့် နည်းပညာ ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ထားကြောင်းနှင့် ဒေသ အကျိုးပြု လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ သံရုံး သံအရာရှိ မစ္စတာ ဝမ်ကျုံးရင် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ဖွင့်ပွဲသို့ ကြွရောက် ချီးမြှင့်လာသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ရင်းနှီးမြှုပ်နှံမှုတွေ ရှိမှ စီးပွား ဖွံ့ဖြိုး တိုးတက်မယ် ဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှု ကြီးမားတဲ့ လုပ်ငန်းကြီးတွေ လုပ်ပြီဆိုရင် တာဝန်ယူမှု တာဝန်ခံမှု လည်း ရှိရပါမယ်။ ကျွန်တော်တို့မှာ နိုင်ငံခြားက လာပြီး ရင်းနှီးမြှုပ်နှံတဲ့အခါ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေအတိုင်း လိုက်နာ ရပါမယ် ဒီနေရာမှာ အကျိုး အမြတ်ဆိုတာ ပါလာပါတယ်။ ရရှိတဲ့ အကျိုးအမြတ်တွေထဲက ဒေသခံ ပြည်သူတွေကို ကျေးဇူးတုံ့ ပြန်တဲ့ အနေနဲ့ ပညာရေး ကျန်းမာရေး သာသနာရေး စတဲ့ လုပ်ငန်းတွေကို လုပ်ပေးဖို့ တာဝန်ရှိပါတယ်။ သံတော်မြတ် ကုမ္ပဏီအနေနဲ့ လုပ်ထားပေးပြီးပြီဆိုတာ ကျွန်တော်တို့ သိပါတယ် ၊အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ် နောက်ပြီး လုပ်ငန်းတစ်ခုဟာ ဒေသခံ ပြည်သူတွေအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်ရပါမယ် နောက်တစ်ခုက သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ် လုပ်ငန်းကြောင့် ပတ်ဝန်းကျင် ထိခိုက်နိုင်မယ့် အရာတွေကို ကြိုတင် ကာကွယ်ရပါမယ် ဒါတွေအတွက် အလေးထား ဆောင်ရွက်ရပါမယ်” ဟု လမ်းညွှန် ပြောကြားခဲ့သည်။

SINOMA Engineering Co., Ltd. ၏ ဒါရိုက်တာ Mr. Shen Jing အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာ သံတော်မြတ် ကုမ္ပဏီလီမိတက်၏ မန်နေဂျင်း ဒါရိုကတာ ဦးစိုင်းမျိုးသန့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး သံမှူး ကလည်း “တရုတ် – မြန်မာ နှစ်နိုင်ငံဟာ ခေတ်သစ်ပိုး လမ်းမကြီး ရပ်ဝန်းအတွင်း အခြေခံ အဆောက်အအုံ၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊။ ငွေကြေးနဲ့ စီးပွားရေးဇုန် တို့လို ကဏ္ဍ ပေါင်းစုံမှာ ကျယ်ကျယ်ပြန့်ပြန့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်သွားရေးအတွက် သဘောတူ လက်မှတ် ရေးထိုး ထားကြပါတယ်၊ ခေတ်သစ် ပိုးလမ်းမကြီး တည်ဆောက်ရာမှာ တက်ကြွစွာ ပါဝင်တဲ့ အနေနဲ့ စီးပွားရပ်ဝန်းတစ်ခု ဖြစ်လာစေဖို့Yunnan Jian Sheng Investment ကုမ္ပဏီဟာ မြန်မာနိုင်ငံက သံတော်မြတ် ကုမ္ပဏီနဲ့ “မြန်မာ သံတော်မြတ် ကုမ္ပဏီ” အဖြစ် ပူးပေါင်းပြီး ဘိလပ်မြေ ထုတ်လုပ်ရေး လိုင်း နှစ်ခုကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပါတယ်၊ ဒါဟာ ဖွံ့ဖြိုး တိုးတက်မှု ခေတ်သစ် တစ်ရပ်ဆီကို ဝင်ရောက် နိုင်ခြင်းပါပဲ” ဟု ပြောခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံသံရုံး သံအရာရှိ မစ္စတာ ဝမ်ကျုံးရင်၊ စက်ရုံကြီးကို တာဝန်ယူ တည်ဆောက်ခဲ့သော SIOMA Intl. Engineerig Co., Ltd. ၏ ဒါရိုက်တာ Mr. Shen Jing၊ မြန်မာသံတော်မြတ် ကုမ္ပဏီ လီမိတက် ၏ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းမျိုးသန့်တို့ကလည်း အသီးသီး အမှာစကားများ ပြောကြားခဲ့ကြပြီး စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း၊ တန်ငါးထောင် ဒုတိယလိုင်း မီးသင်းဖိုအား မီးထွန်းညှိခြင်းတို့ကို ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.