Connect with us

Social

တရုတ် နိုင်ငံ ICBC ဘဏ် ရန်ကုန် ဘဏ်ခွဲ က “ခေတ်သစ်ပိုးလမ်းမကြီး-ရွှေရောင်မြန်မာနိုင်ငံ” ငွေကြေးဝန်ဆောင်မှု အစည်းအဝေး ကျင်းပ

"ခေတ်သစ်ပိုးလမ်းမကြီး-ရွှေရောင်မြန်မာနိုင်ငံ" ငွေကြေးဝန်ဆောင်မှု အစည်းအဝေး အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ စက်မှု နှင့် စီးပွားရေး ဘဏ် (Industrial and Commercial Bank of China,ICBC) ရန်ကုန် ဘဏ်ခွဲ က အောက်တိုဘာ ၂၁ ရက်နေ့ ညပိုင်းအချိန်တွင် ရန်ကုန်မြို့ရှိ Novotel ဟိုတယ်တွင် “ခေတ်သစ်ပိုးလမ်းမကြီး-ရွှေရောင်မြန်မာနိုင်ငံ” ငွေကြေးဝန်ဆောင်မှု အစည်းအဝေး ကို ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေး သို့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် ၊ မြန်မာ နိုင်ငံ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း ၊ မြန်မာ နိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်း ၊ အစိုးရ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ စီးပွားရေး သံမှူး ရှဲကော်ရှန် ၊ သံရုံး သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ICBC ရန်ကုန်ဘဏ်ခွဲ အထွေထွေ မန်နေဂျာ မစ္စတာ ဟယ်ပိချင်း (Mr. He Biqing) နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

ICBC ရန်ကုန်ဘဏ်ခွဲ အထွေထွေ မန်နေဂျာ မစ္စတာ ဟယ်ပိချင်း (Mr. He Biqing) က အဖွင့်အမှာ စကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

အခမ်းအနား တက်ရောက်ခဲ့သည့် ဧည့်သည်တော်များမှာ အစည်းအဝေး အား စက်ခလုပ်နိုပ် ဖွင့်လှစ်ပေးခဲ့ပြီး မစ္စတာ ဟယ်ပိချင်း က အဖွင့်အမှာစကား ပြောကြား ခဲ့ရာတွင် ငွေကြေးဝန်ဆောင်မှု အစည်းအဝေး ကျင်းပရသည့် ရည်ရွယ်ချက်မှာ မြန်မာ နိုင်ငံ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေသည့် အချိန်ကာလ တွင် ငွေကြေးဝန်ဆောင်မှု ဆိုင်ရာ အတွေ့အကြုံများအား ဆွေးနွေးတိုင်ပင်စေလိုသောကြောင့် ဖြစ်ကြောင်း ၊ ICBC ဘဏ်သည် ကမ္ဘာ့အကြီးဆုံး ဘဏ်တစ်ခု အနေဖြင့် မိမိတို့၏ လုပ်ငန်းကျွမ်းကျင်မှု နှင့် အတွေ့အကြုံများဖြင့် မြန်မာ နိုင်ငံ ဘဏ်လုပ်ငန်း နှင့် ငွေကြေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ ရန်ကုန်ဘဏ်ခွဲတွင်လည်း မြန်မာ နိုင်ငံသား ဝန်ထမ်း ၈၀ ရာခိုင်နှုန်း တည်ရှိပြီး မြန်မာ နိုင်ငံ ငွေကြေးကဏ္ဍ အတွက် ထူးချွန်ကျွမ်းကျင်သူများကို မွေးထုတ်ပေးလျက် ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး နှင့် စီးပွားရေး ဆောင်ရွက်ချက်များသည် အဆက်မပြတ် တိုးမြှင့်လာကြောင်း ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံ အကြားကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁၁.၃ ဘီလီယံ ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၁.၄၄ ဘီလီယံ ရှိခဲ့ကြောင်း ၊ ICBC ဘဏ်သည် မြန်မာ နိုင်ငံ၌ ပထမ ဦးဆုံး လုပ်ငန်းလိုင်စင်ရရှိသည့် ဘဏ်တစ်ခု အပါအဝင် ဖြစ်ပြီး ၂ နှစ်တာ ကာလ အတွင်း မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် စွန်းစာမှုများစွာ ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုုပ်နှံမှု အများဆုံး ပြုလုပ်သည့် နိုင်ငံ ဖြစ်ပြီး မြန်မာ နိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး ကို စဉ်ဆက်မပြတ် အားပေးကူညီ ခဲ့သည့် တရုတ် နိုင်ငံ အား အထူးအသိအမှတ် ပြုကြောင်း ၊ မြန်မာ နိုင်ငံ ငွေကြေးဝန်ဆောင်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ရင်းနှီးမြှုပ်နှံမှု များလာရောက် ပြုလုပ်ရန် ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်း က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် မြန်မာ နိုင်ငံ သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် အခက်အခဲ နှင့် စိန်ခေါ်မှုများ ကြုံတွေ့ ခဲ့ရသော်လည်း အနာဂတ် စီးပွားရေး အခွင့်အလမ်း များစွာ တည်ရှိကြောင်း ၊ ယခုနှစ် မေလပိုင်း တွင် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မှ တရုတ် နိုင်ငံ တွင် ကျင်းပပြုလုပ် ခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နှီးနှောဖလှယ်ပွဲ ကို တက်ရောက် ခဲ့ကာ တရုတ်-မြန်မာ နှစ်နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ အစိုးရ မှ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်မှု များကို ထောက်ခံကြောင်း ၊ တရုတ်-မြန်မာ ငွေကြေးဆိုင်ရာ ကဏ္ဍ အသီးသီး ပူးပေါင်းဆောင်ရွက်မှု များမြှင့်တင်နိုင်ရန် မျှော်လင့်ပြီး နှစ်နိုင်ငံ ပြည်သူလူထု ကို ပိုမို အကျိုးဖြစ်ထွန်းစေကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကို ပိုမိုမြှင့်တင်လိုကြောင်း ပြောကြား ခဲ့သည်။

“ခေတ်သစ်ပိုးလမ်းမကြီး-ရွှေရောင်မြန်မာနိုင်ငံ” ငွေကြေးဝန်ဆောင်မှု အစည်းအဝေး တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်း က အမှာစကား ပြောကြားရာတွင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု သည် တရုတ် နိုင်ငံ မှ ဖော်ဆောင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ တစ်ခု ဖြစ်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု မှ လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်သွားမည် ဖြစ်ပြီး လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံများအားလုံးကို အကျိုးကျေးဇူး ခံစားစေနိုင်မည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ သည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၏ အရေးပါသည့် ပထဝီ အနေအထားတွင် တည်ရှိပြီး ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး တွင်လည်း တက်ကြွစွာ ပူးပေါင်းပါဝင် ခဲ့ကြောင်း ၊ ICBC ဘဏ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အတွက် အရေးပါသည့် ပေါင်းကူးတံတား တစ်ခု ဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေး ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် အတွက်လည်း များစွာ ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ ICBC မှ မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၊ အထူးသဖြင့် ငွေကြေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေး ခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် ICBC ဘဏ် ရန်ကုန်ဘဏ်ခွဲ က လုပ်ဖော်ကိုင်ဘက် ဘဏ်လုပ်ငန်းများ မှ လုပ်ငန်းရှင်များအား ဂုဏ်ပြုဆု များအသီးသီးပေးအပ်ခဲ့ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာ ခဲ့သည်။တရုတ် နိုင်ငံ စက်မှု နှင့် စီးပွားရေး ဘဏ် သည် ကမ္ဘာ့ နိုင်ငံ နှင့် ဒေသ ပေါင်း ၄၂ ခုတွင် ရုံးခွဲများ တည်ရှိသည့် ဘဏ်တစ်ခုဖြစ်သည်။ ကမ္ဘာ့ နိုင်ငံ နှင့် ဒေသပေါင်း ၁၄၃ ခု မှ နိုင်ငံခြား ဘဏ်ပေါင်း ၁၅၁၉ ခုနှင့် ကိုယ်စားလှယ် ဘဏ်ဆံရေး ထူထောင်ထားပြီး ကမ္ဘာလုံး ဆိုင်ရာ ဝန်ဆောင်မှု ပေးနေသည့် ဘဏ်တစ်ခုဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.