Connect with us

Social

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ (၅)သန်း ရောက်ရှိ

တရုတ်နိုင်ငံမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာစဉ်(မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန် ၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်သည့် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (Doses) ၁၀ သန်းထဲမှ ၅သန်းသည် ယနေ့ (မေ ၁၈ ရက်)နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် “ပြည်သူသည် အဓိက၊ အသက်သည် အဓိက” ဟူသော ကပ်ရောဂါကာကွယ်ရေးအတွေးအခေါ်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း စိတ်ဓာတ်ကို လက်ကိုင်စွဲပြီး မြန်မာနိုင်ငံနှင့်အတူ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများ တက်တက်ကြွကြွ ဆောင်ရွက်လျက်ကြောင်း၊ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံထုတ် Vaccine စုစုပေါင်း ၄၆.၁၉ သန်း ထောက်ပံ့ပေးခဲ့ရာ မြန်မာနိုင်ငံမှ ရရှိသော Vaccine စုစုပေါင်းအရေအတွက်၏ ၆၅.၁ ရာခိုင်နှုန်းရှိရာ ၎င်းအနက် ၁၆.၁ သန်းသည် လှူဒါန်းပေးအပ်ခြင်းဖြစ်ပြီး ၃၀.၀၉ သန်းသည် သက်သာသောစျေးနှုန်းဖြင့် မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးခြင်းကြောင်း သိရသည်။

တရုတ်နိုင်ငံမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာစဉ်(မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Counsellor Mr. Tan Shufu နှင့် သံရုံးမှ တာဝန်ရှိသူများကပေးအပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်သန်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဒေါက်တာရဲ မင်းထွေးနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

တရုတ်နိုင်ငံမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာစဉ်(မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအတွက် ဆေးထိုးအပ်(၅)သန်းကို မေ(၁၉)ရက်တွင်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၅)သန်းနှင့် ဆေးထိုးအပ်များကို မေ(၂၈)ရက်နှင့် (၂၉)ရက်တို့တွင် လည်းကောင်း ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပေးပို့လှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မြေပြင်ခရီးလမ်းကြောင်းနှင့် တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်း၏ အကူအညီဖြင့် အအေးလမ်းကြောင်းမပျက် ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.