Connect with us

Sino-Myanmar

မြန်မာနိုင်ငံ စိုက်ပျိုးထွက်ကုန်များ ထုတ်လုပ်မှုနှင့် ထိန်းသိမ်းမှုနည်းပညာ လေ့ကျင့်ရေးသင်တန်းစတင်ဖွင့်လှစ်

မြန်မာနိုင်ငံ စိုက်ပျိုးထွက်ကုန်များ ထုတ်လုပ်မှုနှင့် ထိန်းသိမ်းမှုနည်းပညာ လေ့ကျင့်ရေးသင်တန်းစတင်ဖွင့်လှစ် သင်ကြားစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပ၍ China National Research Institute of Food and Fermentation Industries Co.,Ltd မှ တာဝန်ခံကျင်းပသော “မြန်မာနိုင်ငံစိုက်ပျိုးထွက်ကုန်များ ထုတ်လုပ်မှုနှင့် သိုလှောင်မှုနည်းပညာလေ့ကျင့်ရေးသင်တန်း” အား အွန်လိုင်းမှသင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံမှ ယနေ့ မေ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu အားတွေ့ရစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

မြန်မာနိုင်ငံ စိုက်ပျိုးထွက်ကုန်များ ထုတ်လုပ်မှုနှင့် ထိန်းသိမ်းမှုနည်းပညာ လေ့ကျင့်ရေးသင်တန်းစတင်ဖွင့်လှစ် သင်ကြားစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

မြန်မာနိုင်ငံ စိုက်ပျိုးထွက်ကုန်များ ထုတ်လုပ်မှုနှင့် ထိန်းသိမ်းမှုနည်းပညာ လေ့ကျင့်ရေးသင်တန်းစတင်ဖွင့်လှစ် သင်ကြားစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

မြန်မာနိုင်ငံ စိုက်ပျိုးထွက်ကုန်များ ထုတ်လုပ်မှုနှင့် ထိန်းသိမ်းမှုနည်းပညာ လေ့ကျင့်ရေးသင်တန်းစတင်ဖွင့်လှစ် သင်ကြားစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

အဆိုပါသင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူပေါင်း ၄၅ ဦးတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu က တက်ရောက်အမှာစကားပြောကြားခဲ့သည်။

Mr. Tan Shufu က တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအား အတူတကွတည်ဆောက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းသည် တရုတ်-မြန်မာလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှု၏ အရေးပါအစိတ်အပိုင်းဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်သည် စိုက်ပျိုးရေးရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ စိုက်ပျိုးရေးလူရည်ချွန် ကူးလူးဖလှယ်မှု၊ ကျေးလက်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစသည့်ကဏ္ဍများတွင် အောင်မြင်သည့်ရလဒ်များရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ အစဉ်အလာစိုက်ပျိုးရေးနိုင်ငံကြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုအား အမြဲတစေတက်တက်ကြွကြွ ထောက်ခံအားပေးလျက်ရှိပြီး စားသောက်ကုန်ဘေးကင်းမှုကြီးကြပ်ရေး၊ စိုက်ပျိုးရေးထွက်ကုန်ထုတ်လုပ်မှုနှင့် ထိန်းသိမ်းမှုနည်းပညာ၊ မျိုးကောင်းမျိုးသန့်ပျိုးထောင်ရေးအပိုင်းတို့တွင် တရုတ်နည်းလမ်းများ ထောက်ပံ့ပေးကာ တရုတ်အတွေ့အကြုံများမျှဝေပေးလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ် COVID-19 ကပ်ရောဂါဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံသည် လုပ်ငန်းလုပ်ဆောင်သည့်ပုံစံအသစ် ဖန်တီး၍ ဗီဒီယိုစနစ်ဖြင့် မြန်မာဘက်မှသင်တန်းသား၊ သင်တန်းသူများအတွက် အမျိုးစုံလင်သော လေ့ကျင့်ရေးနှင့် ပညာတော်သင်ဆုများဖော်ဆောင်ပေးခဲ့ကြောင်း၊ ယခုအကြိမ်လေ့ကျင့်ရေးသင်တန်းသည်လည်း လက်တွေ့ရလဒ်ရရှိပြီး တရုတ်-မြန်မာ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ်သင်တန်းကာလသည် ၂၁ ရက်ဖြစ်ပြီး သီးသန့်ခေါင်းစဉ်ဟောပြောပွဲ၊ ဆွေးနွေးမှု၊ အွန်လိုင်းမှလေ့လာမှု၊ ယဉ်ကျေးမှုခံစားသိရှိမှုစသည့်နည်းလမ်းများဖြင့် သင်တန်းသား၊ သင်တန်းသူများကို တရုတ်စိုက်ပျိုးရေးထွက်ကုန်များထုတ်လုပ်သည့် အဆင့်အတန်းနှင့်အောင်မြင်မှုများအကြောင်း နားလည်သိရှိစေပြီး မြန်မာဘက်မှ စိုက်ပျိုးရေးထွက်ကုန်နှင့် စားသောက်ကုန်များထုတ်လုပ်သည့် စံနှုန်းအဆင့်အတန်းမြှင့်တင်ရေးအတွက် မှီငြမ်းကိုးကားမှုများပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)