Connect with us

Social

တရုတ်အကူအညီဖြင့် ပြန်လည်နေရာချထားရေး စီမံကိန်းသည် မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာပြည်သူများအတွက် အကျိုးကျေးဇူးရရှိ

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအကူအညီဖြင့်ဆောင်ရွက်သော နေရပ်စွန့်ခွာပြည်သူများ(IDPs)အတွက် ပြန်လည်နေရာချထားရေး စီမံကိန်းက မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ပြည်သူ၁,၁၀၀ နီးပါးအပေါ် အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ စီးပွားရေးသံမှူး Tan Shufu နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များတွင် နေရပ်ပြန်လည်နေထိုင်ရေး စီမံကိန်းကို မေ ၅ ရက်မှ ၈ ရက်အထိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာနိုင်ငံ၏ လိုအပ်ချက်ကို ကူညီသည့်အနေဖြင့် တရုတ်အစိုးရက နေရပ်စွန့်ခွာပြည်သူများအတွက် နေရပ်ပြန်လည်နေထိုင်ရေးစီမံကိန်းကို ပံ့ပိုးကူညီရန်အတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အရေးပေါ်လက်ငင်း ငွေထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရသည် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာသုံးရွာတွင် လျှပ်စစ်မီးရရှိရေးအပါအဝင် အိမ်ခြေ ၈၈လုံးကို ပြန်လည်တည်ဆောက်ပြီး နေအိမ် ၂၅ လုံးကို ပြုပြင်ခဲ့ကြောင်း သိရသည်။
နေအိမ်များပြီးစီးမှုပေါ်မူတည်၍ စုစုပေါင်း အိမ်ထောင်စု ၁၉၂ စုသည် ၎င်းတို့၏ ဇာတိကျေးရွာများသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Tan Shufu နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ကျေးရွာများမှ ကိုယ်စားလှယ်များက ၎င်းတို့၏ နေအိမ်များ ပြန်လည်တည်ဆောက်ရန်နှင့် ပြုပြင်ရန်အကူအညီများ ပေးအပ်သည့် တရုတ်အစိုးရအားကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ရွာသားများက ၎င်းတို့နေထိုင်ရာ အရပ်မှ စွန့်ခွာခဲ့ပြီး IDP စခန်းတွင် ၁၀ နှစ်ခန့်ကြာအောင် နေထိုင်ပြီးနောက် ၎င်းတို့ဇာတိရွာကို ပြန်ရမည်ဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားနေကြောင်းပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.