Social
မြန်မာ နိုင်ငံ ရေဘေးသင့် ဒေသ အတွက် ကျင်းပ ခဲ့သည့် “Support Myanmar” ပရဟိတဖျော်ဖြေပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီး

ရန်ကုန် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း တို့မှ စက်တင်ဘာ ၂၇ ရက်နေ့ က ရန်ကုန်မြို့ သုဝန မိုးလုံလေလုံ အားကစား ခန်းမ တွင် ပြုလုပ် ခဲ့သည့် “Support Myanmar” ပရဟိတဖျော်ဖြေပွဲ အား ကြွရောက်လာသည့် ဧည့်ပရိတ်သတ် များ နှင့်တကွ အခမ်းအနားအား အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။
“Support Myanmar” ပရဟိတဖျော်ဖြေပွဲ တွင် တရုတ်နိုင်ငံမှ ကုမ္ပဏီ အသင်းအဖွဲ့ လုပ်ငန်းရှင်များ ၊ မြန်မာနိုင်ငံမှ တရုတ်ကုမ္မဏီများ ၊ လုပ်ငန်းရှင်များ အပါအဝင် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ပြည်သူများ၏ ထည့်ဝင်ကူညီမှုဖြင့် စုပေါင်း လှူဒါန်းငွေ စုစုပေါင်း ၈၂၆၇၀၂၀၉၇ ကျပ် ကိုကောက်ခံ နိုင်ခဲ့ပါသည်။
“Support Myanmar” ပရဟိတဖျော်ဖြေပွဲ တွင် ဖျော်ဖြေတင်ဆက်ရာတွင် မြန်မာနိုင်ငံမှ နာမည်ကြီး ဂီတအဆိုတော်များ ဖြစ်ကြသည့် ဝေလ ၊ မိစန္ဒီ ၊ ဟဲလေး ၊ ရဲလေး ၊ ဖြူဖြူကျော်သိန်း ၊ ချမ်းချမ်း ၊ အိုင်းရင်းဇင်မာမြင့် တို့အပါအဝင် တရုတ်နိုင်ငံမှ အနုပညာရှင်များ ဖြစ်ကြသည့် “Feng သံစုံတီးဝိုင်း” ၊ Idol Group “0086” ၊ တရုတ်နိုင်ငံ လိုင်ကျုံး သိုင်းလေ့ကျင့်ရေးကျောင်းမှ ဝူရှူး အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ အပါအဝင် တရုတ် နိုင်ငံ မှ အနုပညာရှင် ၆၀ ဦး ကျော်တို့မှ တင်ဆက်ပြသခဲ့သည်။
ယခုပြုလုပ်သည့် “Support Myanmar” ရေဘေးပြန်လည်ထူထောင်ရေး ပရဟိတဖျော်ဖြေပွဲ မှတဆင့် မြန်မာ နိုင်ငံ ရေဘေး ပြန်လည် ထူထောင်ရေး လုပ်ငန်း အတွက် ရန်ပုံငွေ ပွဲကြီး ကျင်းပ ရခြင်း ဖြစ်ပြီး ရေဘေးသင့် ဒေသ များအတွက် လှူဒါန်းမှု များပြုလုပ် သွားမည် ဖြစ်သည်။(Xinhua)