Connect with us

Social

“Support Myanmar” ရေဘေး ပြန်လည် ထူထောင်ရေး ပရဟိတ ဂီတ ဖျော်ဖြေပွဲ မှ ရရှိသော လှူဒါန်းငွေ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လန်မှ မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းအား ရေဘေး ကူညီ ထောက်ပံ့ရေး အလှူငွေများ လွှဲပြောင်း ပေးအပ်စဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံရုံး ၏ ထောက်ခံအားပေးမှု ဖြင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းတို့မှ ပူးပေါင်း ကျင်းပ ခဲ့သည် “Support Myanmar” ရေဘေး ပြန်လည် ထူထောင်ရေး ပရဟိတ ဂီတ ဖျော်ဖြေပွဲ မှ ကောက်ခံရရှိသော ကူညီ ထောက်ပံ့ရေး လှူဒါန်းငွေ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁ ရက်တွင် ရန်ကုန်မြို့ ရှိ Sky Star Hotel တွင် ကျင်းပ ခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဥက္ကဌ ဦးစိန်ဝင်းအောင် နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်စုစုလှိုင် အစရှိသည့် ဧည့်သည်တော် များအပြင် ရန်ကုန်တိုင်းအတွင်းရှိ အစိုးရအဖွဲ့များ ၊ တရုတ် လူမျိုးအသင်း အဖွဲ့များ ၊ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များနှင့် အခြား ဖိတ်ကြား ထားသော ဧည့်သည်တော် များတက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန် နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးစိန်ဝင်းအောင် တို့ မှ ကြွရောက်လာသော ဧည့်သည်တော် များ နှင့် မီဒီယာ များ၏ ရှေ့မှောက်တွင် လှူဒါန်းငွေ အားလုံးအား ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သော အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အား လွှဲပြောင်းပေးအပ် ခဲ့သည်။ ယခု အကြိမ် လှူဒါန်းသည့် လှူဒါန်းငွေ စုစုပေါင်း သည် ၈၂၆,၇၀၂,၀၉၇ ကျပ် ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်ပယ် အသီးသီး မှ အလှူရှင်များနှင့် နိုင်ငံ အရပ်ရပ် မှ တရုတ် လူမျိုး များမှ စုပေါင်း လှူဒါန်း ခဲ့ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း “Support Myanmar” ရေဘေး ကူညီ ထောက်ပံ့ရေး လှူဒါန်းငွေ ပေးအပ်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လန် “Support Myanmar” ရေဘေး ကူညီ ထောက်ပံ့ရေး လှူဒါန်းငွေ ပေးအပ်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးစိန်ဝင်းအောင် “Support Myanmar” ရေဘေး ကူညီ ထောက်ပံ့ရေး လှူဒါန်းငွေ ပေးအပ်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

“Support Myanmar” ရေဘေး ကူညီ ထောက်ပံ့ရေး လှူဒါန်းငွေ ပေးအပ်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

Support Myanmar” ရေဘေး ကူညီ ထောက်ပံ့ရေး လှူဒါန်းငွေ ပေးအပ်ပွဲ အခမ်းအနား တက်ရောက်လာသူများ အမှတ်တရ ဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းမှ မြန်မာ နိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် မကြုံစဖူး ရေဘေး ဒုက္ခ နှင့် ကြုံတွေ့ ခဲ့ရကြောင်း ၊ သဘာဝဘေး ဆိုသည်မှာ တားဆီး၍ မရနိုင်သဖြင့် ယခုလို သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ချိန် တွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းတို့ မှ မိမိ တို့တက်နိုင်သော နေရာ တွင် ပါဝင်ကူညီ ခဲ့သည့် အတွက် ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီးမှ ယနေ့သည် တရုတ် နိုင်ငံ၏ အမျိုးသား နေ့ ဖြစ်သောကြောင့် ဤသို့ ထူးခြားသည့် နေ့တွင် ထူးခြားသည့် အခမ်းအနား ကျင်းပ ရသောကြောင့် ပိုမို အဓိပ္ပါယ် ရှိစေခဲ့ကြောင်း ၊ ယခု နှစ်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင် ခဲ့သည့် ၆၅ နှစ် ပြည့်သော နှစ်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ဆက်ဆံရေးသည် အစဉ်အမြဲ ကောင်းမွန် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံအား ဆက်လက်၍ ထောက်ခံ အားပေး သွားမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး နှင့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်ရန် ဆုမွန်ကောင်း တောင်းကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးစိန်ဝင်းအောင်မှ မြန်မာ နိုင်ငံတွင် ရေဘေး ဒုက္ခ ဖြစ်ပွား ခဲ့ချိန် တွင် အိမ်နီးချင်း တရုတ် နိုင်ငံမှ ပထမ ဦးဆုံး ရေဘေး ကူညီ ထောက်ပံ့မှု များပြုလုပ်ခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ ဒုတိယ သမ္မတ ဦးဆောင်သည့် အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ မှ ရေဘေး ကယ်ဆယ်ရေး များအား အမြန်ဆုံး ဆောင်ရွက်ပေး နိုင်သည့် အတွက် ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်စုစုလှိုင် မှ တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ ရေးဘေး အတွက် ကူညီထောက်ပံ့မှု များသည် လွန်စွာ အထောက်အကူ ပြုစေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ဗဟို အစိုးရ ၊ ပြည်နယ် အစိုးရ နှင့် အခြား ကဏ္ဍ အသီးသီး မှ ပါဝင် လှူဒါန်း ခဲ့ကြသည့် အတွက် လွန်စွာ ဝမ်းမြောက်မိကြောင်း ၊ မနေ့ ကလည်း တရုတ် နိုင်ငံ အစိုးရ မှ ရေဘေး ကယ်ဆယ်ရေး အတွက် ဆေးဝါး များနှင့် ရေစုပ် စက် များ စသည်တို့ကို ထပ်မံ ပို့ဆောင်ရောက်ရှိလာ သဖြင့် အထူးကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံသည် နှစ် ၅၀ ကျော်ကာလ အတွင်း အဆိုးရွားဆုံးသော ရေးဘေး ဒုက္ခ နှင့် ကြုံတွေ့ခဲ့ရပြီး ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၄ ခု တွင် ၁၂ ခု မှ ရေဘေး ဒုက္ခ ကြုံတွေ့ခဲ့ရသည်။ လက်ရှိချိန်တွင် ရေလွမ်းမိုးမှု ပြန်လည်လျော့ကျသွားပြီ ဖြစ်သော်လည်း ပိုမို ကြီးမား သည့် ပြန်လည် ထူထောင်ရေး လုပ်ငန်း၏ စိန်ခေါ်မှုကို ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံရုံး ၏ ထောက်ခံ အားပေးမှု ဖြင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းတို့မှ အချိန် တစ်လအတွင်း ပြင်ဆင်မှုများ ပြုလုပ်၍ မြန်မာ-တရုတ် နှစ်နိုင်ငံ မှ အနုပညာရှင် များအား ဖိတ်ခေါ်ကာ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း တွင် “Support Myanmar” ပရဟိတ ဖျော်ဖြေပွဲ ကြီး ပြုလုပ် ခဲ့ပြီး မြန်မာ နိုင်ငံ ရေဘေးသင့် ပြည်သူ များအတွက် လှူဒါန်းငွေများ ကောက်ခံခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.