Connect with us

Social

မြန်မာရေဘေး ပြန်လည် ထူထောင်ရေး “Support Myanmar” ပရဟိတ ဖျော်ဖြေပွဲ တရုတ်-မြန်မာ နှစ်နိုင်ငံ အနုပညာရှင်များ ပူးပေါင်း ပါဝင်၍ ဖျော်ဖြေ တင်ဆက်

“Support Myanmar” ရေဘေး ပြန်လည်ထူထောင်ရေး ပရဟိတ ဖျော်ဖြေပွဲတွင် တရုတ်အနုပညာရှင် အဖွဲ့မှ ဖျော်ဖြေနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာ ရေဘေးသင့် ပြည်သူများအား စိတ်ဓာတ် ခွန်အား ဖြည့်ဆည်းပေးရန် နှင့် ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေး အတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ “Support Myanmar” ရေဘေး ပြန်လည်ထူထောင်ရေး ပရဟိတ ဖျော်ဖြေပွဲကြီးကို ယနေ့စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံ လေလုံ အားကစားကွင်း ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းတို့မှ ပူးပေါင်းစီစဉ်သော “Support Myanmar” ရေဘေး ပြန်လည်ထူထောင်ရေး ပရဟိတ ဂီတ ဖျော်ဖြေပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးစိန်ဝင်းအောင် ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း ဒုတိယ ဥက္ကဌ ဖျန်ဖမ့် တို့က အဖွင့်အမှာ စကားများ ပြောကြား ပေးခဲ့ကြသည်။

အခမ်းအနား မိန့်ခွန်း ပြောကြားရာတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေမှ မြန်မာ-တရုတ် နှစ်နိုင်ငံ မှ အနုပညာရှင်များအနေဖြင့် ယခု ပရဟိတ ပွဲ မှ တစ်ဆင့် မြန်မာ နိုင်ငံ ရေဘေးသင့်ဒေသ ပြည်သူ များအတွက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရှိ ရသဖြင့် ဝမ်းမြောက်မိပါကြောင်း ၊ တရုတ် နိုင်ငံ အစိုးရနှင့် ဒေသတွင်း အဖွဲ့အစည်းများမှ မြန်မာ နိုင်ငံ ရေဘေး ဒုက္ခ ကြုံတွေ့ချိန် တွင် ကူညီထောက်ပံ့မှု များအတွက် ကျေးဇူးတင်ရှိကြောင်း ၊ တရုတ် နိုင်ငံ မှ Blue Sky ကယ်ဆယ်ရေး အဖွဲ့၏ လုပ်ဆောင်မှု များကို လည်း အမှတ်ရပါကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ မှ “Support Myanmar” ရေဘေး ပြန်လည်ထူထောင်ရေး ပရဟိတ ဖျော်ဖြေပွဲတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ “Support Myanmar” ရေဘေး ပြန်လည်ထူထောင်ရေး ပရဟိတ ဖျော်ဖြေပွဲတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးစိန်ဝင်းအောင်မှ “Support Myanmar” ရေဘေး ပြန်လည်ထူထောင်ရေး ပရဟိတ ဖျော်ဖြေပွဲတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း ဒုတိယ ဥက္ကဌ ဖျန်ဖမ့်မှ “Support Myanmar” ရေဘေး ပြန်လည်ထူထောင်ရေး ပရဟိတ ဖျော်ဖြေပွဲတွင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဥက္ကဌ ဦးစိန်ဝင်းအောင် နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း ဒုတိယ ဥက္ကဌ ဖျန်ဖမ့် တို့မှ မိန်ခွန်း ပြောကြား ခဲ့ရာ တွင် ဤ အစီအစဉ် ဖြစ်မြောက်အောင် ဆောင်ရွက် ခဲ့သူ အားလုံးအား ကျေးဇူး တင်ရှိကြောင်း ၊ မြန်မာ နိုင်ငံ ရေဘေးသင့် ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်း အတွက် ရန်ပုံငွေ ရှာဖွေ သည့် ပွဲ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှလည်း “Support Myanmar” ပရဟိတ ပွဲကြီး အား တက်ရောက် ရသဖြင့် လွန်စွာ ဝမ်းမြောက်ကြောင်း ၊ ကဏ္ဍ ပေါင်းစုံမှ ဒီပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့သူ များအားလုံးကို ကျေးဇူး တင်ကြောင်း ၊ ယခု ပွဲကြီးသည် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းတို့မှ ပူးတွဲကျင်းပ သည့် လွန်စွာ အဓိပ္ပါယ်ရှိသော ပွဲကြီး ဖြစ်ကြောင်း ၊ ဤ ပွဲမှ တစ်ဆင့် မြန်မာ နိုင်ငံ ရေဘေးသင့် ဒေသ ပြည်သူ များကို ပိုမို အထောက်အပံ့ပြု နိုင်ရန် နှင့် အားအင်ဖြစ်နိုင်ရန် ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။
ထို ပရဟိတ ဂီတဖျော်ဖြေပွဲ အဖွင့်တွင် မြန်မာနိုင်ငံမှ ကျောင်းသား လူငယ် အယောက် ၁၀၀ မှ ဖယောင်းတိုင်မီးထွန်း၍ ဆုတောင်း သီဆိုမှုများ ၊ ရေဘေးသင့် ဖြစ်ပွားခဲ့မှုများကို ရုပ်သံ မှတ်တမ်းများ ပြသခြင်း ၊ မြန်မာ့ချစ်သူ အကအဖွဲ့မှ ကပြ ဖျော်ဖြေမှုများ ၊ ပေကျင်းဖုန့် ဂီတအဖွဲ့မှ အမျိုးသမီးများက ဗုံတီး ဖျော်ဖြေ တင်ဆက်မှုများ အပြင် ဂီတ အနုပညာရှင်များမှ တစ်ဦးချင်း ၊ တစ်ဖွဲ့ချင်း အလိုက် သီဆို တင်ဆက်မှုများ ပြုလုပ်မည်ဖြစ်သည်။

ထိုသို့ဖျော်ဖြေ တင်ဆက်ရာတွင် မြန်မာနိုင်ငံမှ နာမည်ကြီး ဂီတ အဆိုတော်များ ဖြစ်ကြသည့် ကျော်ထွဋ်ဆွေ ၊ ဝေလ ၊ ဂျောက်ဂျက် ၊ ထွန်းထွန်း ၊ ဟဲလေး ၊ ရဲလေး ၊ ဖြူဖြူကျော်သိန်း ၊ ချမ်းချမ်း ၊ အိမ့်ချစ် ၊ အိုင်ရင်း ဇင်မာမြင့် တို့ပါဝင်ပြီး တရုတ်နိုင်ငံမှ အနုပညာရှင်များ မှလည်း တရုတ်ရိုးရာ တူရိယာ ပစ္စည်းများကို အဓိကအသုံးပြု၍ တရုတ်ရိုးရာ တေးဂီတများကို ဖျော်ဖြေ တင်ဆက်ပေးမည့် “ပေကျင်း Feng သံစုံတီးဝိုင်း” ၊ Idol Group “0086” ၊ တရုတ်နိုင်ငံ လိုင်ကျုံး သိုင်းလေ့ကျင့်ရေး ကျောင်းမှ ဝူရှူး အက အလှများဖြင့် ဖျော်ဖြေ တင်ဆက်ခြင်းများ အပါအဝင် အနုပညာရှင် ၆၀ ဦး ကျော်တို့မှ တင်ဆက် ပြသမည်ဖြစ်သည်။

“Support Myanmar” ရေဘေး ပြန်လည်ထူထောင်ရေး ပရဟိတ ဖျော်ဖြေပွဲတွင် မြန်မာနုပညာရှင် အဖွဲ့မှ ဖျော်ဖြေနေစဉ် (ဆင်ဟွာ)

“Support Myanmar” ရေဘေး ပြန်လည်ထူထောင်ရေး ပရဟိတ ဖျော်ဖြေပွဲတွင် ကျောင်းသားများ ဖျော်ဖြေနေစဉ် (ဆင်ဟွာ)

“Support Myanmar” ရေဘေး ပြန်လည်ထူထောင်ရေး ပရဟိတ ဖျော်ဖြေပွဲ (ဆင်ဟွာ)

“Support Myanmar” ရေဘေး ပြန်လည်ထူထောင်ရေး ပရဟိတ ဖျော်ဖြေပွဲ (ဆင်ဟွာ)

ထို့ပြင် “Support Myanmar” ရေဘေး ပြန်လည် ထူထောင်ရေး ပရဟိတ ဖျော်ဖြေပွဲ အဆုံးသတ်တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး သီချင်းအား အနုပညာရှင်များ အားလုံးက စုပေါင်း သီဆိုမည် ဖြစ်သည်။ရေဘေးသင့် ဒေသ များ ပြန်လည် ထူထောင်ရေး အတွက် လှူဒါန်းမှုများ ပြုလုပ် လိုလျှင် အစီအစဉ် ထုတ်လွှင့်ချိန် အတွင်း လှူဒါန်းမှု ဖုန်းနံပတ် ၀၉ ၂၆၁၄၄၂၆၆၁ မှ ၀၉ ၂၆၁၄၄၂၆၆၅ အထိ ဆက်သွယ် လှူဒါန်း သွားနိုင်ကြောင်းလဲ သိရသည်။

ယခုနှစ် အတွင်း မြန်မာနိုင်ငံသည် ရေဘေး ဒုက္ခနှင့် ကြုံတွေ့ခဲ့ရသဖြင့် တရုတ် နိုင်ငံ အစိုးရ နှင့် တပ်မတော် ၊ ယူနန်ပြည်နယ် အစိုးရ ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းနှင့် မြန်မာနိုင်ငံ အတွင်းရှိ တရုတ် ကုမ္ပဏီတို့မှ မြန်မာ ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်းနှင့် ငွေကြေး လှူဒါန်းမှု အများအပြား ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံ အစိုးရသို့တရုတ်ငွေ ယွမ်သန်း ကိုးရာ အား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ (Xinhua)