NPC
တရုတ် သံတမန်ရေးက သမိုင်းဖြစ်ပေါ်တိုးတက်မှု၏ အမှန်တရားဘက်မှ အခိုင်အမာ ရပ်တည်လျက်ရှိသည်ဟု ဝမ်ရိ ပြောကြား
ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲအား သတင်းစာမီဒီယာစင်တာတွင် မတ် ၈ ရက်က ကျင်းပခဲ့သည်။
ဝမ်ရိက ယနေ့ကမ္ဘာသည် ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်မြင့် ဆင့်ကဲ ဖြစ်ပေါ်လျက်ရှိသလို ပြုပြင်ပြောင်းလဲမှုနှင့် မငြိမ်သက်မှုများ ရောယှက်လျက်ရှိရာ စစ်ပွဲပဋိပက္ခများ တစ်ခုပြီးတစ်ခု ဖြစ်ပွားလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ယနေ့တရုတ်နိုင်ငံသည် အင်အားကြီးနိုင်ငံတည်ဆောက်ရေးကို အရှိန်အဟုန် မြှင့်တင်လျက်ရှိပြီး အမျိုးသား ပြန်လည်တိုးတက်ရေးမှာ တားဆီး၍မရဘဲ နိုင်ငံတကာ ဩဇာလွှမ်းမိုးမှုမှာ နေ့စဉ်နှင့်အမျှ တိုးတက်လာကြောင်း၊ ရဲဘော် ရှီကျင့်ဖိန်ကို ဗဟိုပြုသည့် ပါတီဗဟိုကော်မတီ၏ ခိုင်မာအားကောင်းသော ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံ သံတမန်ရေးသည် ပါတီနှင့် နိုင်ငံ၏အချက်အချာတာဝန်များကို ဗဟိုပြုဝန်းရံကာ ရှီကျင့်ဖိန်၏ သံတမန်ရေးအတွေးအခေါ် သိပ္ပံနည်းကျ လမ်းညွှန်မှုကို လေးစားလိုက်နာပြီး နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်ရန်၊ နိုင်တကာ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု၊ သမာသမတ်ကျမှုရှိရေးကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းရန်၊ တစ်ဖတ်သက်လုပ်ရပ်များနှင့် အာဏာအင်အားဖြင့် အနိုင်ကျင့် ဗိုလ်ကျမှုများကို ပြတ်သားစွာ ဆန့်ကျင်ကန့်ကွက်ရန်၊ ထမ်းဆောင်သင့်သော နိုင်ငံတကာ တာဝန်ဝတ္တရားများကို ခိုင်မာစွာ လိုက်နာစောင့်ထိန်းပြီး အကောင်အထည်ဖော်ဆောင်ရန်၊ သမိုင်းဖြစ်ပေါ်တိုးတက်မှု၏ မှန်ကန်သောဘက်မှ ခိုင်မာစွာ ရပ်တည်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး ငြိမ်းချမ်းမှု အင်အား၊ တည်ငြိမ်မှု အင်အား၊ တရားမျှတမှုအမှန်တရား အင်အားအနေဖြင့် မိမိတို့သည် လူသားမျိုးနွယ်၏ အနာဂတ်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိကြောင်း၊ မိမိတို့အနေဖြင့် စိတ်တူကိုယ်တူ၊ ရည်မှန်းချက်တူညီသော နိုင်ငံများနှင့်အတူ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး ဟူသော မြင့်မြတ်သည့် ရည်မှန်းချက်ဆီသို့ လျှောက်လှမ်းရန် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဘုံအကျိုးဖြစ်ထွန်းရေးခေတ်ကဏ္ဍသစ်ကို ဆက်လက်ရေးသားသွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
两会·外长记者会|王毅:中国外交坚定站在历史前进的正确一边
新华社北京3月8日电 8日,中共中央政治局委员、外交部长王毅在十四届全国人大四次会议新闻中心举行记者会。
王毅表示,今天的世界,百年变局加速演进,变革动乱相互交织,战争冲突此起彼伏。今天的中国,强国建设快马加鞭,民族复兴势不可挡,国际影响与日俱增。在以习近平同志为核心的党中央坚强领导下,中国外交围绕党和国家中心任务,遵循习近平外交思想科学指引,坚定捍卫国家的主权、安全、发展利益,坚定维护国际法治和公平正义,坚定反对一切单边行径和强权霸凌,坚定恪守并履行应尽的国际义务,坚定站在历史前进的正确一边。作为世界上最重要的和平力量、稳定力量、正义力量,我们对人类的前途充满信心,我们愿同一切志同道合的国家一道,朝着构建人类命运共同体的崇高目标,不断续写和平、发展、合作、共赢的时代篇章。(完)
1. 3月8日,十四届全国人大四次会议在北京梅地亚中心新闻发布厅举行记者会。中共中央政治局委员、外交部长王毅就“中国外交政策和对外关系”相关问题回答中外记者提问。 新华社记者 李鑫 摄
