Connect with us

CPPCC

တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ နှစ်ပတ်လည် အစည်းအဝေး ကျင်းပပြီးစီး

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေး၊ အပိတ်အစည်းအဝေး ကျင်းပနေပုံကို ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဖြစ်သည့် ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ၏ နှစ်ပတ်လည် အစည်းအဝေးမှာ မတ် ၁၁ ရက် နံနက်ပိုင်းက ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပခဲ့သည့် အဆိုပါ အစည်းအဝေး၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လီချန်၊ ကျောက်လဲ့ကျိ၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီးနှင့် ဟန်ကျိန့် စသည့် အခြားသော ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
CPPCC နှစ်ပတ်လည် အစည်းအဝေး၌ အကျိုးဖြစ်ထွန်းသော ရလဒ်များ ရရှိခဲ့သည်ဟု ထိုအစည်းအဝေးအား သဘာပတိအဖြစ် ကြီးမှူးကျင်းပစဉ် CPPCC ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က ထည့်သွင်းပြောကြားခဲ့သည်။
အလွှာအသီးသီးမှ နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များသည် တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှု ရှေ့ဆက်ဖော်ဆောင်ရာတွင်လည်းကောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် လူမှုရေးတည်ငြိမ်မှုကို ရေရှည်ထိန်းသိမ်းရာတွင်လည်းကောင်း အကျိုးသယ်ပိုးနိုင်ရန် အခိုင်အမာ သန္နိဋ္ဌာန်ပြုထားကြောင်း ဝမ်က ပြောသည်။
၂၀၂၆ ခုနှစ်သည် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ၏ ပထမဆုံးနှစ်ဖြစ်ကြောင်း ဝမ်က ထောက်ပြပြောဆိုခဲ့ကာ CPPCC အနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းခြင်း၊ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်အနေဖြင့် ပိုမိုကောင်းမွန်သော ကဏ္ဍမှ ပါဝင်ခြင်း၊ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း ကောင်းမွန်စွာ စတင်နိုင်ရေး သေချာစေရန် နိုင်ငံ့ရေးရာများတွင် တက်တက်ကြွကြွ အကြံပြုခြင်းနှင့် အားသာချက်များ၊ အသိပညာများ စုစည်းခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များအနေဖြင့် ပြည်သူများအတွက် အကျိုးပြုနိုင်မည့် အကြံပြုချက်များ ပိုမိုတင်သွင်းကြရန်၊ ပြည်သူများ၏ လူမှုဘဝဖူလုံရေးအတွက် ပိုမိုလက်တွေ့ကျသည့် ကိစ္စရပ်များကို ဆောင်ရွက်ကြရန်၊ ခေတ်မီအသွင်ပြောင်းမှု၏ အကျိုးရလဒ်အသီးအပွင့်များကို ပြည်သူအားလုံး မုချ ရရှိခံစားနိုင်ရေးအတွက် ပံ့ပိုးလုပ်ဆောင်ကြရန်လည်း ဝမ်က တိုက်တွန်းခဲ့သည်။
ထို့အတူ CPPCC အနေဖြင့် ခရီးသစ်ကို ရှေ့ဆက်လျှောက်လှမ်းနိုင်ရေးနှင့် ခေတ်သစ်၌ ပိုမိုကြီးမားသော အကျိုးဆောင်မှုများ လုပ်ဆောင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ တရုတ်ပြည်သူများ၏ အပြုသဘော အားအင်များကို စုစည်းရာတွင်လည်း အထောက်အကူပေးသင့်ကြောင်း ဝမ်က ဆက်လက်ပြောသည်။
အဆိုပါ အစည်းအဝေး၌ CPPCC ပြည်လုံးဆိုင်ရာကော်မတီ အမြဲတမ်းကော်မတီ၏ လုပ်ငန်းအစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း၊ လွန်ခဲ့သည့် နှစ်ပတ်လည်အစည်းအဝေး ကျင်းပပြီးချိန်မှစ၍ နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များ၏ အဆိုပြုတင်ပြချက်များကို မည်သို့ကိုင်တွယ်ဆောင်ရွက်ပုံနှင့် စပ်လျဉ်းသည့် အစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း၊ ၁၄ ကြိမ်မြောက် CPPCC ပြည်လုံးဆိုင်ရာကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး၏ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းနှင့် အဆိုပြုချက်သစ်များ ဆန်းစစ်ခြင်းဆိုင်ရာ အစီရင်ခံစာတို့ကို အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေး၊ အပိတ်အစည်းအဝေးအား CPPCC ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင် သဘာပတိအဖြစ် ကြီးမှူးကျင်းပနေပုံကို ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေး၊ အပိတ်အစည်းအဝေး ကျင်းပသည့် ပြည်သူ့ခန်းမဆောင်အား ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(English Version)
China’s top political advisory body concludes annual session
BEIJING, March 11 (Xinhua) — The 14th National Committee of the Chinese People’s Political Consultative Conference (CPPCC), China’s top political advisory body, concluded its annual session on Wednesday morning.
Xi Jinping and other Party and state leaders, including Li Qiang, Zhao Leji, Cai Qi, Ding Xuexiang, Li Xi and Han Zheng, attended the meeting at the Great Hall of the People in Beijing.
Presiding over the meeting, Wang Huning, chairman of the CPPCC National Committee, said the top political advisory body’s annual session had yielded fruitful results.
Political advisors across the board have strengthened their resolve to contribute to advancing Chinese modernization and sustaining China’s rapid economic growth and long-term social stability, Wang said.
Noting that 2026 marks the first year of the 15th Five-Year Plan period, Wang said the CPPCC must uphold the leadership of the Communist Party of China, better play its role as a political organization, actively provide suggestions on state affairs, and pool strength and wisdom to ensure a good start to the 15th Five-Year Plan.
Wang called on political advisors to put forward more proposals beneficial to the people, do more practical things for their well-being, and help ensure the fruits of modernization benefit all people.
The CPPCC should help rally the positive energy of Chinese people at home and abroad so that they can forge ahead on the new journey and make greater contributions to the new era, said Wang.
A resolution on the work report of the Standing Committee of the CPPCC National Committee, a resolution on the report on how the proposals from political advisors have been handled since the previous annual session, a report on the examination of new proposals, and a political resolution of the fourth session of the 14th CPPCC National Committee were approved at the meeting.
English Caption 1
The fourth session of the 14th National Committee of the Chinese People’s Political Consultative Conference (CPPCC) holds its closing meeting at the Great Hall of the People in Beijing, capital of China, March 11, 2026. (Xinhua/Yan Yan)
English Caption 2
Wang Huning, chairman of the Chinese People’s Political Consultative Conference (CPPCC) National Committee, presides over the closing meeting of the fourth session of the 14th CPPCC National Committee at the Great Hall of the People in Beijing, capital of China, March 11, 2026. (Xinhua/Huang Jingwen)
English Caption 3
This photo taken on March 11, 2026 shows the Great Hall of the People, the venue for the closing meeting of the fourth session of the 14th National Committee of the Chinese People’s Political Consultative Conference (CPPCC), in Beijing, capital of China. (Xinhua/Wang Xi)