NPC
NPC နှစ်ပတ်လည်အစည်းအဝေး သတင်းပေးပို့တင်ဆက်မှုအတွက် သတင်းထောက်များကို တရုတ်နိုင်ငံ ထိပ်တန်းဥပဒေပြုပုဂ္ဂိုလ် ချီးကျူး
ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုပုဂ္ဂိုလ် ကျောက်လဲ့ကျိသည် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) စတုတ္ထအကြိမ်အစည်းအဝေးတွင် သတင်းပေးပို့တင်ဆက်သည့် သတင်းထောက်များအား မတ် ၁၂ ရက် မွန်းလွဲပိုင်းက တွေ့ဆုံကာ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် ကျေးဇူးတင်စကားကြောင်း ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ကျောက်က အဓိကသတင်းဌာနကြီးများအား ၎င်းတို့၏ ကောင်းမွန်စွာစီမံထားမှုနှင့် ကောင်းမွန်စွာ သတင်းပေးပို့တင်ဆက်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောခဲ့သည်။
၎င်းတို့တင်ဆက်သော သတင်းများသည် ယုံကြည်မှုနှင့် ခွန်အားပေးစွမ်းသလို NPC စနစ်နှင့် ယင်း၏လုပ်ငန်းဆောင်တာ ထိရောက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုရှိခြင်းနှင့်စပ်လျဉ်း၍ ဘက်စုံသတင်းအချက်အလက်ကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း၊ ပြည်သူ့ကွန်ဂရက်စနစ်၏ ထင်ရှားသည့် အားသာချက်များကို အလေးထားဖော်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် မီဒီယာများအနေဖြင့် ပြည်သူ့ကွန်ဂရက်များစနစ်၊ NPC လုပ်ငန်းဆောင်တာ၊ ကိုယ်စားလှယ်များနှင့်ဆက်စပ်သည့် ကြွယ်ဝသော သတင်းအရင်းအမြစ်များကို ဆက်လက်နက်ရှိုင်းစွာ ဖော်ထုတ်အသုံးပြုရန် ကျောက်က တိုက်တွန်းအားပေးခဲ့သည်။
NPC အစည်းအဝေးကို မတ် ၅ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
China’s top legislator praises journalists for coverage of NPC annual session
BEIJING, March 13 (Xinhua) — China’s top legislator Zhao Leji met with journalists covering the fourth session of the 14th National People’s Congress (NPC) on Thursday afternoon, expressing his appreciation for their work.
Zhao, a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee and chairman of the NPC Standing Committee, commended major news outlets for their well-planned and well-organized coverage.
He noted that their reports conveyed confidence and strength, provided comprehensive information about the development of the NPC system and the effectiveness of its work, and highlighted the outstanding advantages of the people’s congress system.
Zhao encouraged the media to continue tapping into the rich news resources related to the system of people’s congresses, as well as NPC work and deputies.
The NPC session was held from March 5 to 12.
Photo: Zhao Leji, a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee and chairman of the National People’s Congress (NPC) Standing Committee, meets with journalists covering the fourth session of the 14th NPC, expressing his appreciation for their work, at the Great Hall of the People in Beijing, capital of China, March 12, 2026. (Xinhua/Li Xiang)
