Connect with us

NPC

ကိုရီးယား ကျွန်းဆွယ် အရေး နှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီး က ငြိမ်းချမ်းရေး သည် ကြိုးပမ်း အားထုတ် မှသာ ရရှိနိုင်မည် ဖြစ်ပြီး အခွင့်အရေး ကို ဆုတ်ကိုင် နိုင်ရန် လိုအပ်ကြောင်း ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ အား မတ်လ ၈ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ၁၃ကြိမ်မြောက် NPC ပထမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲ တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က မတ်လ ၈ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ၁၃ကြိမ်မြောက် NPC ပထမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာ များ၏ ကိုရီးယား ကျွန်းဆွယ် အရေး နှင့် ပတ်သက်၍ မေးမြန်းမှု ကို ပြန်လည် ဖြေကြား ခဲ့ရာတွင် ငြိမ်းချမ်းရေး သည် ကြိုးပမ်း အားထုတ် မှသာ ရရှိနိုင်မည် ဖြစ်ပြီး အခွင့်အရေး ကို ဆုတ်ကိုင် နိုင်ရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

ဝမ်ရိ က ကိုရီးယား ကျွန်းဆွယ် အရေး နှင့် သက်ဆိုင်သည့် နိုင်ငံ အသီးသီး အနေဖြင့် ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေး ရရှိရန် ကို အဓိက ထား ဆောင်ရွက်ရမည် ဖြစ်ပြီး နိုင်ငံရေး ဆောင်ရွက်မှု သတ္တိများ ထုတ်သုံးကာ ပြတ်သားသည့် နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်၍ လိုအပ်သော ၊ အကျိုးဖြစ်ထွန်းစေသော ထိတွေ့ ဆက်ဆံမှု များကို အမြန်ဆုံး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ အနေဖြင့် ဆောင်းရာသီ အိုလံပစ် မှ ရရှိလာသည့် အခွင့်အရေး ဖြင့် အနီးကပ် ဆက်ဆံမှုများ ပြုလုပ်ခဲ့ရာ အေးခဲနေသည့် နှစ်နိုင်ငံ ဆက်ဆံရေး ကို ပြန်လည် နွေးထွေး လာစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဆောင်းရာသီ အိုလံပစ် ပွဲတော် ကျင်းပနေချိန် ကာလ အတွင်း မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နျူကလီးယား စမ်းသပ်မှု များ ထပ်မံ ပြုလုပ်ခြင်း မရှိတော့ ဘဲ အမေရိကန် နှင့် တောင်ကိုရီးယား နိုင်ငံ တို့မှလည်း မြောက်ကိုရီးယား ကို ဦးတည်သည့် စစ်ရေးလေ့ကျင့်မှုများကို ရပ်တန့်ခဲ့ကြောင်း ၊ ထို့ကြောင့် တရုတ် နိုင်ငံ မှ အကြံပြုခဲ့သည့် နှစ်ဘက်ရပ်ဆိုင်းရေး ဆောင်ရွက်မှု သည် ပြဿနာ ဖြေရှင်းရန် မှန်ကန်သည့် နည်းလမ်းဖြစ်ကြောင်း သက်သေ ပြနိုင်ခဲ့ပြီး တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ကောင်းမွန်စေရန် အတွက် အခြေခံကောင်း ဖြစ်စေခဲ့ကြောင်း ဝမ်ရိ က ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က တရုတ် နိုင်ငံ အနေဖြင့် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ တို့မှ ဆောင်ရွက်ခဲ့သည့် ကြိုးပမ်း အားထုတ်မှု များကို အပြည့်အဝ အသိအမှတ်ပြုထောက်ခံကြောင်း ၊ ရှေ့ဆက် သက်ဆိုင်ရာ နိုင်ငံ အသီးသီး အနေဖြင့် ကိုရီးယား ကျွန်းဆွယ် အခြေအနေ အား ငြိမ်းချမ်းရေး လမ်းကြောင်း သို့ ပြန်လည် ရောက်ရှိအောင် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပြီး ကိုရီးယား ကျွန်းဆွယ် နျူကလီးယား အရေး ကို ဆွေးနွေးမှုဖြင့် ဖြေရှင်းသည့် လမ်းကြောင်း သို့ ရောက်ရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး အား တွန်းအားပေး ဆောင်ရွက်နေစဉ် အတွင်း မြောက်ကိုရီးယား နိုင်ငံ ၏ လုံခြုံရေး အပေါ် ဂရုစိုက်မှု ကိုလည်း တချိန်တည်း ဖြေရှင်းသွားရမည် ဖြစ်ကြောင်း ၊ ယင်းမှာ တရုတ် နိုင်ငံ မှ ကာလတလျှောက် ရပ်တည်မှု ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ရည်မှန်းချက် လည်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.