Connect with us

NPC

တရုတ်နိုင်ငံခြားရေးဝန်ကြီး က ၂၀၁၈ခုနှစ်တွင် ပြုလုပ်မည့် အဓိကပွဲအခမ်းအနား ၄ပွဲအား မိတ်ဆက်ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အား သတင်းစာရှင်းလင်းပွဲတစ်ခု ၌ မတ် ၈ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ၂၀၁၈ခုနှစ်တွင် တရုတ်နိုင်ငံ ၌ ကျင်းပမည့် အဓိကကျသော ပွဲအခမ်းအနား ၄ခုကို အမျိုးသားပြည်သူ့ကွန်ဂရက် ၏နှစ်ပတ်လည်အစည်းအဝေး အပြီး မတ်လ ၈ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ မိတ်ဆက်ပြောကြားခဲ့သည်။

ပထမဆုံးအနေဖြင့် အာရှနှစ်ပတ်လည်ညီလာခံ အတွက် ဘိုအာဖိုရမ်အား ဧပြီလတွင် ဟိုင်နန်မြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှု နှင့် ပွင့်လင်းမြင်သာမှုတို့ကို ဦးစားပေးဆွေးနွေးသွားမည်ဖြစ်သည်။ဒုတိယမြောက်အဖြစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းထိပ်သီးညီလာခံ အား ဇွန်လတွင် Qingdao မြို့၌ ပြုလုပ်မည်ဖြစ်ကာ ရှန်ဟိုင်းစိတ်ဓါတ်ပြန်လည်နိုးကြားလာရေးကို အဓိကထားဆွေးနွေးသွားမည်ဖြစ်သည်။

တတိယမြောက် အဖြစ် စက်တင်ဘာလတွင် ပေကျင်းမြို့၌ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ညီလာခံကျင်းပမည်ဖြစ်ပြီး ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်ဆောင်ရွက်မှုအား ဦးစားပေးဆွေးနွေးသွားမည်ဖြစ်သည်။နောက်ဆုံး ၄ခုမြောက်အဖြစ် ပထမအကြိမ် တရုတ်နိုင်ငံတကာ ပို့ကုန် ကုန်စည်ပြပွဲအား ရှန်ဟိုင်းမြို့၌ နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်ကာ ဈေးကွက်များထပ်မံဖွင့်လှစ်နိုင်ရန် အလေးထားကျင်းပသွားမည်ဖြစ်သည်။ (Xinhua)