Connect with us

NPC

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ဒေသ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ရှိရန် ကတိပြု

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား သတင်းစာရှင်းလင်းပွဲ၌ တွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက တောင်တရုတ်ပင်လယ်ဒေသ တွင် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် တရုတ်နိုင်ငံက ခိုင်မာစွာ နှင့် နက်ရှိုင်းစွာ ကတိပြုကြောင်း ယနေ့မတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီး ဝမ်က “ တရုတ်နိုင်ငံရဲ့ တည်ရှိမှုဟာ အပြောင်းအလဲမရှိ ၊ ခိုင်ခိုင်မာမာရှိနေပါတယ်” ဟု ၁၃ ကြိမ်မြောက် (NPC) အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေး ၏ ဆက်စပ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ်အရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံက တာဝန်ခံမှုချဉ်းကပ်ခြင်းပုံစံတစ်ခုဖြင့် လုပ်ဆောင်နေကြောင်း ၊ တရုတ်ပြည်သူတို့၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားကြောင်း ၊ သမိုင်းအချက်အလက်များ ၊ ဒေသတွင်းငြိမ်းချမ်းရေး နှင့် နိုင်ငံတကာဥပဒေ အတိုင်း ဆောင်ရွက်ကြောင်း ဝမ်ရိက ဆိုသည်။(Xinhua)