NPC
တရုတ်နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တို့အား ပေါင်းစပ်ဖွဲ့စည်းမည်
![၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး၏ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များအားတွေ့ရစဉ် (ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2018/03/images_china_2018_03_13q1.jpg)
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တို့အား ပေါင်းစပ်၍ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းသွားရန် စီစဉ်နေကြောင်း နိုင်ငံတော်ကောင်စီ၏ အဖွဲ့အစည်းဆိုင်ရာ ပြန်လည်ပြင်ဆင်မှု အစီအစဉ်အရ သိရသည်။
ယင်းအစီအစဉ်အား နိုင်ငံတော်ကောင်စီဝင် ဝမ်းယန် က လက်ရှိကျင်းပလျက်ရှိသော ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ၏ မျက်နှာစုံညီ အစည်းအဝေး ၌ အမျိုးသားဥပဒေပြုကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ခံယူရန် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုသည် ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ညှိနှိုင်းဆောင်ရွက်ရန်၊ နိုင်ငံ၏ အရှိန်အဝါ နှင့် ယဉ်ကျေးမှုလွှမ်းမိုးမှုကို မြှင့်တင်ရန် နှင့် နိုင်ငံတကာ တွင် ယဉ်ကျေးမှုဖလှယ်ခြင်းတို့ကို တိုးမြှင့်ရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)