Connect with us

NPC

တရုတ်နိုင်ငံက အမျိုးသား ကျန်းမာရေး ကော်မရှင် ဖွဲ့စည်းတည်ထောင်မည်

တရုတ်နိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အမျိုးသား ကျန်းမာရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းတည်ထောင်သွားမည် ဖြစ်ကြောင်း မတ်လ ၁၃ ရက်တွင် အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) သို့ တင်သွင်းသော နိုင်ငံတော်ကောင်စီ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စီမံကိန်းပါ မှတ်တမ်းတစ်ခုအရ သိရသည်။

အဆိုပါ ပြောင်းလဲမှုသည် တရုတ်နိုင်ငံသားများအတွက် ကောင်းမွန်သော တရုတ်နိုင်ငံ ဖော်ဆောင်မှုနှင့် ကျယ်ပြန့်သော လူနေမှုဘဝဖြစ်စဉ် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို အဆိုပြုထားသော ကော်မရှင်သည် အမျိုးသား ကျန်းမာရေးမူဝါဒများ ဖော်ထုတ်ရေး၊ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး အဆင့်မြှင့်ခြင်းနှင့် စေ့စပ်ညှိနှိုင်းရေး၊ အမျိုးသား အခြေခံ ဆေးပညာစနစ် တည်ထောင်ရေး၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်ရေးနှင့် စီမံအုပ်ချုပ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကျန်းမာရေး အရေးပေါ်အခြေအနေများနှင့် မိသားစု စီမံကိန်းဝန်ဆောင်မှုများအတွက် တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။

အထက်ပါ အပြောင်းအလဲ ဖော်ဆောင်ပြီးပါက ယခုလက်ရှိ နိုင်ငံတော်ကောင်စီ၏ လက်အောက် အမျိုးသား ကျန်းမာရေးနှင့် မိသားစုစီမံကိန်း ကော်မရှင်နှင့် ဆေးပညာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲမှု ကြီးကြပ်ရေး ဦးဆောင်အဖွဲ့အား ဖျက်သိမ်းမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.