Connect with us

NPC

တရုတ်နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တို့အား ပေါင်းစပ်ဖွဲ့စည်းမည်

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး၏ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တို့အား ပေါင်းစပ်၍ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းသွားရန် စီစဉ်နေကြောင်း နိုင်ငံတော်ကောင်စီ၏ အဖွဲ့အစည်းဆိုင်ရာ ပြန်လည်ပြင်ဆင်မှု အစီအစဉ်အရ သိရသည်။

ယင်းအစီအစဉ်အား နိုင်ငံတော်ကောင်စီဝင် ဝမ်းယန် က လက်ရှိကျင်းပလျက်ရှိသော ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ၏ မျက်နှာစုံညီ အစည်းအဝေး ၌ အမျိုးသားဥပဒေပြုကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ခံယူရန် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုသည် ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ညှိနှိုင်းဆောင်ရွက်ရန်၊ နိုင်ငံ၏ အရှိန်အဝါ နှင့် ယဉ်ကျေးမှုလွှမ်းမိုးမှုကို မြှင့်တင်ရန် နှင့် နိုင်ငံတကာ တွင် ယဉ်ကျေးမှုဖလှယ်ခြင်းတို့ကို တိုးမြှင့်ရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.