Videos
တရုတ်နိုင်ငံက ၂ဝ၁၈ ခုနှစ်တွင် အကျိုးသက်ရောက်မှုမရှိသည့် စတီးနှင့် ကျောက်မီးသွေး ထုတ်လုပ်မှုများကို လျှော့ချသွားမည်
ပေကျင်း၊ မတ် ၅ရက် (ဆင်ဟွာ)
ယနေ့ကျင်းပသည့် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးတွင် ဝန်ကြီးချုပ်လီခဲ့ချန် ကအစိုးရ အစီရင်ခံစာဖတ်ကြားရာ တရုတ်နိုင်ငံက ၂ဝ၁၈ ခုနှစ်တွင် အကျိုးသက်ရောက်မှုမရှိသည့် စတီးထုတ်လုပ်မှု မက်ထရစ်တန်ချိန်ပေါင်းသန်း၃ဝ နှင့် ကျောက်မီးသွေးထုတ်လုပ်မှုမက်ထရစ်တန်ချိန်သန်းပေါင်း ၁၅ဝကိုလျှော့ချသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ထို့အပြင်တရုတ်နိုင်ငံအတွင်း ဒေဝါလီခံခြင်း၊ အဖွဲ့အစည်းပြန်လည်ဖွဲ့စည်းခြင်းများ ဆောင်ရွက်သည့် လုပ်ငန်းများကိုလည်းထိရောက်စွာကိုင်တွယ်ဖြေရှင်းပေးမည်ဖြစ်ပြီး ၎င်း၏အကျိုးဆက်ကြောင့် ဝန်ထမ်းများနစ်နာမှုမရှိစေရန် ထောက်ပံ့ပေးသွားမည့်အကြောင်းများကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း ဝန်ကြီးချုပ်လီကဖတ်ကြားခဲ့သည်။(Xinhua)