Videos
တရုတ်နိုင်ငံက ပုဂ္ဂလိကပိုင် စီးပွားဖြစ် ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ အောင်မြင်စွာပစ်လွှတ်
ကျိုချွမ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
တရုတ် ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ထုတ်လုပ်သော ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံသည် ဂြိုဟ်တုနှစ်ခုအား တင်ဆောင်ကာ ဂြိုဟ်ပတ်လမ်းအတွင်းသို့ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁း၀၀ နာရီတွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်းမြို့အခြေစိုက် ပုဂ္ဂလိကဒုံးပျံထုတ်လုပ်သူ i-Space က ထုတ်လုပ်လိုက်သော SQX-1 Y1 သည် အဆင့်လေးဆင့်ရှိ စီးပွားဖြစ် ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံငယ်တစ်ခုဖြစ်သည်။
အဆိုပါ ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ၏ ကိုယ်ထည်မှာ အကျယ်ဆုံးအချင်း ၁.၄ မီတာ၊ အရှည် ၂၀.၈ မီတာနှင့် မြေပြင်မှ ပျံသန်းထွက်ခွာအလေးချိန် ၃၁ တန်ရှိကြောင်း သိရသည်။ (Xinhua)