Connect with us

Videos

တရုတ်နိုင်ငံက မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံအတိုင်းကျင့်သုံးရန်အခြားနိုင်ငံများကို မိတ်ဆက်ခြင်းမျိုးမရှိခဲ့

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်သီးဥပဒေပြုအမတ်များ က နှစ်စဉ်ကျင်းပသည့်အစည်းအဝေးမတိုင်မီ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မတ်လ ၄ ရက်နေ့က ပေကျင်းရှိ Great Hall တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနား၌ တရုတ်နိုင်ငံက မည်သည့်အခါတွင်မှ မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံအတိုင်းကျင့်သုံးရန် အခြားနိုင်ငံများကို မိတ်ဆက်ခြင်းမျိုးမရှိခဲ့ကြောင်း၊

အခြားနိုင်ငံများကိုမိမိတို့အနေဖြင့် တစ်ဘက်သတ်ပုံစံမျိုးသတ်မှတ်ပေးခြင်းမရှိပါကြောင်း၊ နိုင်ငံတိုင်းက ၎င်းတို့၏ ကိုယ်ပိုင် ဖွံ့ဖြိုး တိုးတက်မှုလမ်းစဉ်ကို လွတ်လပ်စွာလျှောက်လှမ်းနိုင်ပါကြောင်း၊ တရုတ်နိုင်ငံကလည်း မိမိတို့၏စစ်မှန်သောလမ်းကြောင်းတွင်သာလျှောက်လှမ်းပါကြောင်း၊ အခြားနိုင်ငံများအတွက် စံနှုန်းများကို မသတ်မှတ်ပေးလိုပါကြောင်းနှင့် တရုတ်နိုင်ငံ၏ ပုံစံအဖြစ် မိမိတို့မိတ်ဆက်အကြံပြုခြင်းများမပြုလုပ်ပါကြောင်း၊ အခြားနိုင်ငံများကို မိမိတို့တရုတ်နိုင်ငံ၏ လမ်းစဉ်အတိုင်းလိုက်နာရန်လည်းတိုက်တွန်းမည်မဟုတ်ပါကြောင်း၊ သို့သော် အချို့နိုင်ငံများက တရုတ်နိုင်ငံ၏ အောင်မြင်မှုများကိုလေ့လာလိုပါက မိမိတို့အနေဖြင့် ပြန်လည်မျှဝေပေးရန်အဆင်သင့်ရှိနေပါကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် ပြောခွင့်ရပုဂ္ဂိုလ်Zhang Yesui က မီဒီယာများ၏ မေးမြန်းမှုများကိုပြန်လည်ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.