Connect with us

Videos

တရုတ်နိုင်ငံ CPPCC ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့၏ နှစ်ပတ်လည် ညီလာခံ ပိတ်ပွဲကျင်းပ

ပေကျင်း ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်တန်းနိုင်ငံရေး အတိုင်ပင်ခံ ကိုယ်စားလှယ်များတက်ရောက်ခဲ့သော တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) ၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ၏ ပထမ အကြိမ်အစည်းအဝေး ပိတ်ပွဲ အခမ်းအနားကို မတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တရုတ်နိုင်ငံ ထိပ်တန်းနိုင်ငံရေး အတိုင်ပင်ခံ ကိုယ်စားလှယ်များက မောင်းသူမဲ့ယာဉ်များ၊ ကျည်ဆန်ရထားများ၊ ပင်လယ်ဖြတ်ကူးတံတားကြီးများနှင့်တရုတ်နိုင်ငံ၏ တီထွင်စွမ်းဆောင်နိုင်မှုဆိုင်ရာလုပ်ငန်းကဏ္ဍ အသီးသီး တွင် ဆက်လက်လုပ်ဆောင်မည့်အခြေအနေများ၊ အတွေ့ အကြုံများကိုရှင်းလင်းတင်ပြခဲ့ကြသည်။ နိုင်ငံရေးအတိုင်ပင်ခံကိုယ်စားလှယ်များသည် CPPCC အမျိုးသားကော်မတီ၏ အမြဲတမ်းကော်မတီ အလုပ်အစီရင်ခံစာ ဆုံးဖြတ်ချက်မူကြမ်းတစ်ခု ၊ CPPCC ကြေညာစာတမ်း ပြင်ဆင်ရေး ဆုံးဖြတ်ချက်မူကြမ်းတစ်ခု ၊ အဆိုပြုလွှာများ အဖြေရှာခြင်းဆိုင်ရာ မူကြမ်း အစီရင်ခံစာတစ်ခု နှင့် နိုင်ငံရေးဆုံးဖြတ်ချက် မူကြမ်းတစ်ခုတို့ကို မဲခွဲဆုံးဖြတ် ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.